Connect with us

International Organizations

ဘာစီလိုနာနည်းပြ ဟန်ဆီ ဖလစ်ခ်က ၎င်း၏လက်ကျန်နည်းပြသက်တမ်းတွင် အဖြစ်ချင်ဆုံး ဆန္ဒနှစ်ခုကို ဖွင့်ဟပြောဆို

စပိန်နိုင်ငံ အယ်လ်ချီမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က အယ်လ်ချီအသင်းနှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းမန်နေဂျာ ဟန်ဆီ ဖလစ်ခ် အမူအရာဖြင့် ညွှန်ပြနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီ ဖလစ်ခ်က ၎င်း၏ ရည်မှန်းချက်များကို ဧပြီ ၂၁ ရက်က ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ကာ ၎င်းအနေဖြင့် အသင်းနှင့် စာချုပ်သက်တမ်းတိုးရန်နှင့် ချန်ပီယံလိဂ်ဆုဖလား ရယူရန် ဆန္ဒရှိနေသည်ဟု ပြောကြားခဲ့သည်။
အသက် ၆၁ နှစ်အရွယ် ဖလစ်ခ်က ဧပြီ ၂၂ ရက်တွင် ဆယ်လ်တာဗီဂိုအသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည့် လာလီဂါပွဲစဉ်မတိုင်မီ မီဒီယာများကို ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကာ ဘာစီလိုနာအနေဖြင့် အက်သလက်တီကို မက်ဒရစ်ကို အဝေးကွင်း၌ ၂-၁ ဂိုးဖြင့် ဒရာမာဆန်ဆန် အနိုင်ရခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ်အရ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး တစ်ပတ်အကြာ၌ အဆိုပါပွဲစဉ်ကို ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
“ချန်ပီယံလိဂ်ဆိုတာ ကျွန်တော့်အတွက် ကြီးကျယ်ခမ်းနားတဲ့ အိပ်မက်တစ်ခုပါပဲ။ ကျွန်တော်ဆန္ဒရှိနေတဲ့ အရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုက ချန်ပီယံလိဂ်ဆုဖလား ရယူဖို့ပါပဲ” ဟု ၎င်းက ပြောကြားခဲ့ပြီး အလွန်ကောင်းမွန်သည့် အသင်းတစ်သင်းကို ပိုင်ဆိုင်ထားသည့်အတွက် အဆိုပါအိပ်မက်မှာ မဝေးတော့သည့် အနာဂတ်ကာလ၌ အမှန်တကယ် ဖြစ်လာနိုင်မည်ဟု ယုံကြည်ကြောင်း ဆက်လက်ပြောသည်။
ဖလစ်ခ်က ဘာစီလိုနာအသင်းသည် ၎င်းအနားမယူမီ နောက်ဆုံးကိုင်တွယ်သည့်အသင်း ဖြစ်လာမည်ဟု ပြောဆိုထားကာ အသင်းနှင့် လက်ရှိချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ ၂၀၂၇ ခုနှစ် ဇွန်လကုန်အထိဖြစ်သည်။
၎င်းအနေဖြင့် စာချုပ်သက်တမ်းတိုးရန် ဆန္ဒရှိသော်လည်း လက်ရှိတွင်မူ ယခုရာသီ၌ လာလီဂါဆုဖလား ဆွတ်ခူးနိုင်ရန်အတွက်သာ အဓိကအာရုံစိုက်ထားသည်ဟု ဆိုသည်။
“ဒီမှာ ကျွန်တော့်ပတ်ဝန်းကျင်က အရာအားလုံးက အကောင်းဆုံးပဲလို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့ နည်းပြဘဝ၊ ကျွန်တော့်ရဲ့ လူနေမှုဘဝ စသဖြင့်ပေါ့… ဒီမှာက ကျွန်တော်တို့အတွက် သိပ်ကိုပျော်စရာကောင်းပါတယ်။ ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်နည်းပြအဖွဲ့ဝင်တွေလည်း ဘာစီလိုနာမှာ ပျော်ရွှင်နေပြီး ဒီမှာနေရတာကို ပျော်ရွှင်ကျေနပ်နေကြပါတယ်။ အဲဒီခံစားချက်က သိပ်ကောင်းတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၈ ရက်က ဘာစီလိုနာအသင်းနှင့် အက်သလက်တီကို မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၅/၂၀၂၆ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအ‌ကျော့ပွဲစဉ်၌ ဘာစီလိုနာအသင်းမှ ဂျာအို ကန်ဆယ်လို (ယာ) နှင့် အက်သလက်တီကိုအသင်းမှ မားကို့စ် လော်ရန်တေးတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၆ ခုနှစ် မတ် ၁၈ ရက်က ဘာစီလိုနာအသင်းနှင့် နယူးကာဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်၌ အနိုင်ရရှိပြီးနောက် ဘာစီလိုနာကစားသမားများ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

……………..
(English Version)
Barcelona coach Flick explains two wishes for remainder of his career
MADRID, April 21 (Xinhua) — FC Barcelona coach Hansi Flick made his intentions clear on Tuesday, saying he wants to extend his contract with the club and win the Champions League.
The 61-year-old was speaking to the press ahead of Wednesday’s La Liga game at home to Celta Vigo, which comes a week after Barcelona’s Champions League campaign ended despite a dramatic 2-1 away win over Atletico Madrid.
“The Champions League is a great dream for me. There are two things I would like. One is to win the Champions League,” he said, adding that he was optimistic it could happen in the near future “because we have a fantastic team.”
Flick has already said that Barcelona will be his final job before retirement and is currently under contract until the end of June 2027.
He said that although he wants to extend his contract, for now he is focused on winning this season’s La Liga title.
“Here, I really feel like everything around me is the best. My career, my life … we’re enjoying ourselves a lot here. My family and my staff are enjoying Barcelona and are happy to be here. The feeling is very good,” he concluded.
English Caption 1
Hansi Flick, manager of Barcelona gestures during the La Liga football match between Elche and Barcelona in Elche, Spain, Jan. 31, 2026. (Stringer/Xinhua)
English Caption 2
FC Barcelona’s Joao Cancelo (R) vies with Atletico de Madrid’s Marcos Llorente during the 2025/2026 UEFA Champions League quarterfinal first leg football match between FC Barcelona and Atletico de Madrid in Barcelona, Spain, April 8, 2026. (Photo by Joan Gosa/Xinhua)
English Caption 3
Players of FC Barcelona celebrate winning the UEFA Champions League Round of 16 second leg match between FC Barcelona and Newcastle United FC in Barcelona, Spain, March 18, 2026. (Photo by Joan Gosa/Xinhua)