Connect with us

Videos

မောင်းသူမဲ့ စနစ်သုံး မော်တော်ယာဉ်များ အထူးပြသထားသည့် Auto Shanghai 2021

ရှန်ဟိုင်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တွင်နှစ်စဉ်ကျင်းပမြဲဖြစ်သည့် Auto Shanghai 2021 ဟုလူသိများသော ၁၉ ကြိမ်မြောက် ရှန်ဟိုင်းနိုင်ငံတကာမော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းပြပွဲ ကို ယခုနှစ်တွင်လည်းပုံမှန်အတိုင်းကျင်းပခဲ့သည်။ယခုနှစ်ပြပွဲတွင် မောင်းသူမဲ့ စနစ်သုံး မော်တော်ယာဉ်များအားအထူးပြသထားသည်။

ရှန်ဟိုင်း ရန်ရှန်းဆိပ်ကမ်းတွင် ဝန်အားမြင့်ထရပ်ကားများ သည် အဆင့် ၄ မောင်းသူမဲ့စနစ်အားအောင်မြင်စွာအသုံးပြုနိုင်ပြီဖြစ်သည်။လျှပ်စစ်စွမ်းအင်သုံးဝန်အားမြင့်ထရပ်ကားများ ၌ 5G နည်းပညာနှင့် အဆင့် ၄ မောင်းသူမဲ့နည်းပညာများအားပေါင်းစပ်ထားသည်။ကျွမ်းကျင်သူများ၏အဆိုအရ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ကျယ်ပြန့်စွာထုတ်လုပ်မည့် မော်တော်ယာဉ် ၇၀ ရာခိုင်နှုန်းသည် အဆင့် ၃ မောင်းသူမဲ့မော်တော်ယာဉ်များဖြစ်လာနိုင်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.