Connect with us

Videos

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC အဖွဲ့ပထမဆုံးအကြိမ်တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ဥက္ကဌ ဦးအင်ဘန်လဦးဆောင်သော တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ရန်ကုန်မြို့ရှိ NRPCရုံး၌ ပထမဆုံးအကြိမ်တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စများကို မိသားစုသဖွယ်တွေ့ဆုံဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲတွင် အစိုးရဘက်မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ တင်မျိုးဝင်း၊ ဦးကျော်တင့်ဆွေနှင့် ဦးမိုးဇော်ဦးတို့တက်ရောက်ပြီး UNFC ကိုယ်စားလှယ်ဘက်မှ ဦးအင်ဘန်လ(ဗိုလ်ချုပ်ကြီးအဆင့်)၊ နိုင်ထောမွန်၊ ခွန်းအေဘယ်တွိဒ်၊ ဦးဆေထင် (ဒုတိယဗိုလ်ချုပ်ကြီး အဆင့်)နှင့် ဦးခူဦးရယ်တို့တက်ရောက်ဆွေးနွေးသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံတွင် ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေးအတွက် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြပြီး ညနေ ၄နာရီ၄၅မိနစ် တွင် ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။
ယင်း တွေ့ဆုံပွဲကို DPN ကိုယ်စားလှယ်များဖြစ်သော ဦးလယီကောင်း (ဗိုလ်ချုပ် အဆင့်)၊ဦးစိုင်းထူးး (ဗိုလ်ချုပ် အဆင့်)၊ ဒေါက်တာ နိုင်ရွှေသိန်း ၊ဦးဆေအွန် (ဗိုလ်မှူးကြီး အဆင့်)၊ဦးဆော်လမွန် (ဗိုလ်မှူးကြီး အဆင့်)၊ဦးမင်းထွန်း (ဗိုလ်မှူးကြီး အဆင့်)၊တာ့ညီလူနှင့် ဦးလအောင် (ဗိုလ်မှူးကြီး အဆင့်)တို့လည်း တက်ရောက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.