Connect with us

Videos

အမျိုးသားသတင်းဆုပေးပွဲတွင် ဆု၅ဆုချီးမြှင့်ခဲ့

ရန်ကုန်၊ ဇူလိုင် ၁၇ရက် (ဆင်ဟွာ)

စတုတ္ထအကြိမ်မြောက်ကျင်းပသည့် အမျိုးသားသတင်းဆုပေးပွဲတွင် သတင်းသူရဲကောင်းဆု၊ သတင်းဆောင်းပါးဆု၊ သတင်းကာတွန်းဆု၊ သတင်းဓာတ်ပုံဆု၊ သတင်းရုပ်သံဆု ဟူ၍ ဆု ၅ ဆု ချီးမြှင့်ခဲ့သည်။ သတင်းသူရဲကောင်းဆုကို ဒေါ်အေးအေးဝင်း (AP သတင်းဌာန) (အငြိမ်းစား) ကို
သတင်းအား ၂၆ နှစ်တိုင် နှစ်ပေါင်း များစွာ ကြိုးစားလုပ်ကိုင်ခဲ့သူ၊ စွန့်စားခဲ့သူအဖြစ်ရွေးချယ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။ သတင်းဆောင်းပါးဆုကို ကိုစစ်ထက်အောင် မှ ကုမုဒြာဂျာနယ် အတွဲ၅၊ အမှတ်၂၀ တွင်ပါရှိသည့် “စကားလုံးများပွင့်အန်ခဲ့တဲ့ သက်မဲ့အရေးတော်ပုံတပ်သား” သတင်းဆောင်းပါးဖြင့် ဆုရရှိခဲ့သည်။ သတင်းဓာတ်ပုံဆုအား ကိုရဲအောင်သူ (AFP) မှ ရရှိခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့အနီး ရေလွှမ်းနေသော ကျော်ရဲရွာတွင် ကလေးတစ်ဦးသည် ရေသန့်ဗူးများအား အသက်ကယ်ဝတ်စုံသဖွယ် အသုံးပြုကာ ရေထဲသွားလာနေသည်ကို ရိုက်ကူးထားသည့် ပုံဖြစ်သည်။ အကောင်းဆုံးသတင်းကာတွန်းဆုအား ကာတွန်းအဂ္ဂမှ ရရှိခဲ့သည်။

ကာတွန်းအား အကဲဖြတ်အဖွဲ့မှ ယနေ့လုံခြုံရေး နှင့် ကာကွယ်ရေးတွင် ထိရောက်သည့် ကာတွန်းတစ်ခုအဖြစ် မှတ်ချက်ပြုခဲ့ပြီး ဆုရရှိခဲ့ခြင်း ဖြစ်သည်။ အကောင်းဆုံးရုပ်သံ/သတင်းဆု အား mntv မှ ရရှိခဲ့သည်။ ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးရာတွင် အခက်အခဲကြုံတွေ့ရသည့် သတင်းအားရုပ်သံရိုက်ကူးခဲ့ခြင်းဖြစ်သည်။

၎င်းဆုပေးပွဲအား ရန်ကုန်မြို့ Sky Star ဟိုတယ်တွင် ဇူလိုင်လ ၁၆ရက်နေ့ ည၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး နောက်နှစ်များတွင်လည်း သတင်းဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.