Connect with us

Media

သရေပွဲများပေမဲ့ မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို ပရိသတ်အများ စိတ်ဝင်စားခဲ့

ရန်ကုန်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

ပရိသတ်များ စိတ်ဝင်စားသည့် ထွန်းထွန်းမင်း နှင့် သွေးသစ်ဝင်းလှိုင်တို့ ပွဲစဉ်အပါအဝင် ပြည်ပကစားသမားများ ပါဝင်ထိုးသတ်သည့် MLWC 8 ပြိုင်ပွဲသည် သရေတွဲဆိုင်းများ အများအပြား ပေါ်ထွက်ခဲ့ပေမဲ့ အားပေးသည့် ပရိသတ်များ အနေဖြင့်မူ မျှော်လင့်ထားသည်ထက် ပိုမိုများပြားခဲ့သည်ဟု ပြိုင်ပွဲစီစဉ်သည့် (MMAG)မှ MD ဦးဝဏ္ဏက ဆင်ဟွာသို့ ပြောသည်။

Myanmar Martial Arts Group (MMAG)မှ စီစဉ် ကျင်းပသည့် အဋ္ဌမ အကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို ဩဂုတ် ၂၀ ရက် နေ့လယ်ပိုင်းက သိမ်ဖြူလက်ဝှေ့ရုံတွင် ကျင်းပခဲ့သည်။ မြန်မာ့ရိုးရာ လက်ဝှေ့သမိုင်းတွင် စာမျက်နှာသစ်ရေးထိုးမည့် MLWC 8 ချန်ပီယံ ခါးပတ်လုပွဲတွင် ထွန်းထွန်းမင်း နှင့် သွေးသစ်ဝင်းလှိုင်တို့ နှစ်ဦး အရှုံးအနိုင် ရလဒ် မပေါ်ဘဲ ပူးတွဲသရေကျခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.