Connect with us

Videos

ဝတ်ဆင်ထားရုံဖြင့်ကျန်းမာရေးအခြေအနေကိုသိနိုင်မည့် စမတ်အဝတ်အထည်ကို တရုတ်တီထွင်

ရှီအမ်း၊ဇွန် ၁ ရက် (ဆင်ဟွာ)

ဝတ်ဆင်ထားရုံဖြင့် ဇီဝကမ္မလက္ခဏာများကိုသိရှိနိုင်စွမ်းရှိသည့် စမတ်နည်းပညာသုံး အဝတ်တစ်မျိုးကို တရုတ်နိုင်ငံမှ သုတေသီများကတီထွင်ခဲ့သည်။

၎င်းမှာ ပုံမှန်အဝတ်အစားများတွင် အမျှင်ဖြင့်ပြုလုပ်ထားသည့် အလိုအလျောက်အာရုံခံကိရိယာ များကိုမြှုပ်နှံထားပြီး ကျန်းမာရေးကိုစောင့်ကြည့်ပေးနိုင်သည့် ဝတ်ဆင်နိုင်သော အဝတ်အထည်အဖြစ်ဖန်တီးထားခြင်းဖြစ်သည်။
စမတ်အဝတ်အထည်များကို Northwestern Polytechnical တက္ကသိုလ်နှင့် တရုတ်နိုင်ငံ Beijing Institute of Technology တို့မှ သုတေသီအဖွဲ့များက ပူးတွဲထုတ်လုပ်ခြင်းဖြစ်သည်။

Northwestern Polytechnical တက္ကသိုလ် Flexible Electronics Research Institute မှ ဒုတိယဥက္ကဌဖြစ်သူ WANG XUEWEN က “ ကျွန်တော်တို့ဟာ အသိဉာဏ်သုံး အတွင်းအင်္ကျီ ဒါမှမဟုတ် ဖိုက်ဘာအမျှင်အာရုံခံဆင်ဆာတွေနဲ့ဖန်တီးထားတဲ့အဝတ်အထည်တွေနဲ့ ကျွန်တော်တို့ရဲ့ကျန်းမာရေးအချက်အလက်တွေကို အချိန်နဲ့တပြေးညီလျှင်မြန်စွာ သိရှိနိုင်ပါတယ်၊ ဒီလို စမတ်အဝတ်အထည်တွေကိုလည်း ပုံမှန်အဝတ်အထည်တွေလိုပဲလျှော်ဖွတ်ပြီးဝတ်ဆင်နိုင်ပါတယ်၊ ကျွန်တော်တို့ဟာ ဒီစမတ်အဝတ်အထည်တွေနဲ့ အသိဉာဏ်နည်းပညာကိုပိုမိုအသုံးပြုနိုင်ပြီး အဆင်ပြေ ကျန်းမာ ဘေးကင်းစွာ အနာဂတ်ကို ဖန်တီးနိုင်ဖို့မျှော်လင့်ပါတယ်” ဟုဆိုသည်။ (Xinhua)

————————–
(English Version)
GLOBALink | Chinese scientists create smart clothing for health monitoring
XI’AN, May 30 (Xinhua) — Chinese scientists have developed a kind of smart clothing that is capable of monitoring physiological signals.
They embed fibrous mechanical sensors in regular clothes to create the wearable health-monitoring gadget.
The smart clothing is co-developed by the research teams from Northwestern Polytechnical University and Beijing Institute of Technology in China.
SOUNDBITE (Chinese): WANG XUEWEN, Vice president of Flexible Electronics Research Institute, Northwestern Polytechnical University
“We can make an intelligent vest or other clothing through fibrous mechanical sensor to realize the real-time rapid perception of our health information. This kind of smart clothing can be washed just like a regular piece of clothes. We hope it could make our life more intelligent, convenient, healthy and safe in the future.
Produced by Xinhua Global Service

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.