Connect with us

Politics

တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံကို ကင်းလှည့်ရေယာဉ် ၆ စင်း ပေးအပ်

ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ မြန်မာနိုင်ငံကို ကူညီထောက်ပံ့သော ကင်းလှည့်ရေယာဥ် ၆ စင်းကို ယနေ့ (ဇွန် ၁၁ ရက်) ရန်ကုန်မြို့၌ အောင်မြင်စွာလွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါစီမံကိန်းကို ၂၀၁၈ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံအစိုးရက တရုတ်နိုင်ငံထံသို့ တရားဝင်အဆိုပြုခဲ့ပြီး နှစ်ဦးနှစ်ဖက်က ၂ဝ၂၀ ပြည့်နှစ် သမ္မတ ရှီကျင့်ဖိန်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အဆိုပါစီမံကိန်း၏ လဲလှယ်မှုစာလွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သည်။

တရုတ်နိုင်ငံဘက်က ဖော်ဆောင်သည့်ကုမ္ပဏီသည် ကပ်ရောဂါ စသည့်အခက်အခဲများကို ကျော်လွှားပြီး ရေယာဉ်များကို အချိန်မီထုတ်လုပ်ပို့ဆောင်ပေးခဲ့ကြောင်း၊ အဆိုပါကင်းလှည့်ရေယာဥ်များသည် မြန်မာနိုင်ငံက ရေကြောင်းပို့ဆောင်မှုဘေးကင်းရေး၊ ရေပေါ်ရှာဖွေကယ်ဆယ်ရေးနှင့် ရေအရင်းအမြစ်ကာကွယ် အသုံးချမှု လုပ်ငန်းများကို ပိုမိုကောင်းမွန်စွာဆောင်ရွက်ရန် ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံက ယခုအကြိမ် ကင်းလှည့်ရေယာဉ်လွှဲပြောင်းခြင်းမှအစပြု၍ တရားဥပဒေစိုးမိုးမှုစွမ်းရည် တည်ဆောက်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး လောင်းကစား၊ လိမ်လည်မှု၊ မူးယစ်ဆေးဝါး စသည့် နိုင်ငံဖြတ်ကျော်ပြစ်မှုကျူးလွန်မှုများကို အဆက်မပြတ်နက်ရှိုင်းစွာတိုက်ဖျက်သွားကာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံကို မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ခြင်းအား တက်ကြွစွာမြှင့်တင်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ၏ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117