Connect with us

Myanmar

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးပြိုင်ပွဲကို မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပမည်

မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပသည့် ရေကူးပြိုင်ပွဲတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲကို မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ဆင်ဟွာသို့ ယနေ့(ဇွန် ၁၀ ရက်)တွင် ပြောကြားသည်။

အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ အဆိုပါပြိုင်ပွဲကို ဇွန်လ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ကျင်းပမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ရေကူးပြိုင်ပွဲကို ၂၀၁၇-၂၀၁၈ ခုနှစ်မှစ၍ မကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ပြန်လည်ကျင်းပနေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းပြိုင်ပွဲ၏ ရည်ရွယ်ချက်သည် မျိုးဆက်သစ် ရေကူးသမားများကို မွေးထုတ်ပေးပြီး နိုင်ငံတကာ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပြင်ဆင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ရေကူးအားကစားသမား စုစုပေါင်း ၁၃၂ ဦး ပါဝင်မည်ဖြစ်ကြောင်း ဦးခွန်ဂျာအောင်က ပြောသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117