Connect with us

Sino-Myanmar

Yuntianhua ပညာသင်ဆုက မြန်မာ့စိုက်ပျိုးရေးကျောင်းသား/ကျောင်းသူများအတွက် ခွန်အားရရှိစေ

မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှိ စာသင်ခန်းအတွင်း ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမကြီးတွင် ကျောင်းဝတ်စုံ ဝတ်ဆင်ထားသော ကျောင်းသား/ကျောင်းသူများသည် ဇူလိုင်လ ၁၅ ရက်က တရုတ်ကုမ္ပဏီတစ်ခုမှ ပေးအပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ဆုများကို ရယူရန် စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ကြသည်။

မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဘွဲ့ကြိုဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူ ၁၀၇ ဦးအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Yuntianhua ပညာသင်ဆု ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၁၅ ရက်၌ မြန်မာနိုင်ငံ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တရုတ်ကုမ္ပဏီ Yuntianhua မှ ပံ့ပိုးပေးသည့် အဆိုပါပညာသင်ဆုအမြောက်အမြားသည် စိုက်ပျိုးရေး ကျောင်းသား/ကျောင်းသူများ၏ ဘဝ နှင့် အနာဂတ်ကို သက်ရောက်မှုရှိစေခဲ့ပြီး ငွေကြေးအခက်အခဲများကြားမှ ကျောင်းသား/ကျောင်းသူများ၏အိပ်မက်များကို အကောင်အထည်ဖော်နိုင်စေခဲ့သည်။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ အသက် ၂၂ နှစ်အရွယ် လယ်ယာသီးနှံစိုက်ပျိုးရေးအထူးပြု ဘာသာရပ်ဖြင့် ပညာသင်ကြားနေသော မယွန်းဝတီမောင်မောင်သည် ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ပညာသင်ဆုရရှိသည့် ကျောင်းသူတစ်ဦးဖြစ်သည်။

လက်သမားအလုပ် လုပ်ကိုင်သော ဖခင်၊ အိမ်ထောင်ရှင်မဖြစ်သော မိခင်နှင့် မွေးချင်း ၇ ဦးရှိသော မိသားစုကြီး၌ ကြီးပြင်းလာသည့် မယွန်းဝတီမောင်မောင်သည် မောင်နှမများအနက် တစ်ဦးတည်းသော တက္ကသိုလ်တက်ရောက်ခွင့် ရရှိသူဖြစ်သည်။

” အစ်ကိုနှစ်ယောက်၊ မောင်လေးနှစ်ယောက်နဲ့ ညီမလေးနှစ်ယောက်ရှိတယ်။ မိသားစုက ကျွန်မကို ကျောင်းဆက်တက်စေချင်တဲ့အတွက် grade 12 က မောင်လေးတစ်ယောက်က ကျောင်းနားလိုက်တယ်။ တစ်ခါတလေကျတော့လည်း မိသားစုအတွက် စိတ်မကောင်းဖြစ်မိတယ်။ အဲဒါနဲ့ သူတို့အတွက် ပိုကြိုးစားဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
“ထူးချွန်တဲ့ ကျောင်းသားတွေကို ပေးအပ်တဲ့ ဒီဆုရလို့ အရမ်းပျော်ပါတယ်။ ဒါဟာကျွန်မအတွက် ဂုဏ်ယူစရာ အခိုက်အတန့်ပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ပညာသင်ဆုသည် မယွန်းဝတီမောင်မောင်အတွက် ငွေရေးကြေးရေး ဝန်ထုပ်ဝန်ပိုးကို သက်သာစေပြီး ၎င်း၏ ပညာသင်ယူမှုအပေါ် ပိုမိုအာရုံစိုက်နိုင်ကာ ငွေကြေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို လျှော့ချနိုင်စေသည်ဟု ဆိုသည်။
“ကျွန်မက roll one ရပြီး ဒီပညာသင်ဆုကို ရရှိခဲ့ပါတယ်။ ဒီပညာသင်ဆုက ကျွန်မကို ပိုကြိုးစားလာဖို့ အားဖြစ်စေခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
မယွန်းဝတီမောင်မောင်က စိုက်ပျိုးရေးကို စိတ်ဝင်စားပြီး မဟာဘွဲ့နှင့် Ph.D ကို ဆက်တက်ရန် စိတ်ကူးထားကြောင်းသိရသည်။
ထို့အပြင် ၎င်း၏ ရည်မှန်းချက်မှာ တက္ကသိုလ်ဆရာမဖြစ်ရန် ဟူ၍လည်း ပြောပြခဲ့သည်။
“ကျွန်မ စာသင်ရတာ သဘောကျတယ်” လို့ မယွန်းဝတီမောင်မောင်က ပြုံးရင်း ပြောသည်။

“Yuntianhua ကုမ္ပဏီကို ဒီထက်မက ကြီးပွားတိုးတက်ပါစေလို့ ဆုတောင်းပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အသက် ၁၉ နှစ်အရွယ် ကျောင်းသား မောင်ရှိုင်းမင်းထက်သည်လည်း ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် Yuntianhua ပညာသင်ဆု ရရှိခဲ့သူတစ်ဦးဖြစ်သည်။

မိဘတွေမရှိတော့ဘဲ မောင်နှမနှစ်ယောက်သာရှိသော မောင်ရှိုင်းမင်းထက်သည် ပရဟိတကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့သူဖြစ်ပြီး ယခုအခါ ၎င်း၏ တက္ကသိုလ်ပညာ လေ့လာရန် ပံ့ပိုးမှုရရှိပြီဖြစ်ကြောင်း သိရသည်။
“ကျွန်တော်ရရှိခဲ့တဲ့ ဆုတွေက ကျွန်တော့်ရဲ့ အဆောင်ခကို ကာမိပါတယ်။ လူနေမှုစရိတ်တွေ မြင့်တက်လာတာနဲ့အမျှ ဒီပညာသင်ဆုက ကျွန်တော့်ရဲ့ ငွေရေးကြေးရေး ဝန်ထုပ်ဝန်ပိုးကို လျော့ပါးစေပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ပညာသင်ဆုမရရှိခဲ့ပါက ငွေရေးကြေးရေးအခက်အခဲကြောင့် ကျောင်းထွက်ရနိုင်ကြောင်းလည်း ၎င်းက ပြောသည်။ “ကျွန်တော်က စိုက်ပျိုးရေးကို ဝါသနာပါပြီး လယ်သမားတွေကို အသိပညာတွေ မျှဝေဖို့ စိတ်အားထက်သန်ပါတယ်။ ဘွဲ့ရပြီးရင် လယ်သမားတွေကို အသိပညာမျှဝေတဲ့ အဖွဲ့အစည်းတွေနဲ့ အလုပ်တွဲလုပ်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

စိုက်ပျိုးရေးအင်ဂျင်နီယာဌာနမှ လက်ထောက်ကထိက၊ အသက် ၄၅ နှစ်အရွယ် ဒေါ်တင်မို့မို့က Yuntianhua ပညာသင်ဆုသည် ၎င်းအတွက် ဘဝအပြောင်းအလဲများ ဖြစ်စေသော အခွင့်အလမ်းတစ်ခုဖြစ်သည်ဟု ဆိုသည်။
လွန်ခဲ့သော ခုနစ်နှစ်က ပညာသင်ဆု ချီးမြှင့်ခြင်းခံခဲ့ရသော ဒေါ်တင်မို့မို့သည် တရုတ်နိုင်ငံ ယူနန် စိုက်ပျိုးရေးတက္ကသိုလ်တွင် မဟာဘွဲ့ကို ၂၀၁၈ ခုနှစ် မှ ၂၀၂၃ ခုနှစ်အထိ သင်ယူခဲ့သည်။

“တရုတ်မှာ ပညာသင်ကြားရင်း သူတို့ရဲ့သမိုင်း၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်နဲ့ လူနေမှုပုံစံတွေကို လေ့လာခဲ့ရပါတယ်” ဟု ၎င်းက ဆိုသည်။

“ကျွန်မက တခြားနိုင်ငံတွေက ကျောင်းသားတွေနဲ့လည်း သိကျွမ်းခွင့်ရခဲ့ပါတယ်။ အခု ကျွန်မရဲ့ အသိပညာတွေကို မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးအင်ဂျင်နီယာ မျိုးဆက်သစ်တွေဆီ အရောက်ပို့ပေးနိုင်ပါပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။

ကိမိလဗေဒဌာနမှ သုတေသနလက်ထောက်၊ အသက် ၂၃ နှစ်အရွယ် မသင်းသဇင်ထွန်းက ၎င်း၏ ပညာရေးခရီးအပေါ် ပညာသင်ဆု၏ အကျိုးသက်ရောက်မှုကိုလည်း ပြောပြခဲ့သည်။
“၂၀၂၃ ခုနှစ်က ရရှိခဲ့တဲ့ ပညာသင်ဆုက ကျွန်မကို ငွေအတွက် စိုးရိမ်ပူပန်မှုမရှိဘဲ လေ့လာမှုများကို အာရုံစိုက်နိုင်စေတယ်” ဟု ၎င်းက ဆိုသည်။
မသင်းသဇင်ထွန်း၏ သုတေသနပရောဂျက်များနှင့် ပညာရေးဆိုင်ရာကုန်ကျစရိတ်များကိုလည်း အကျိုးရှိစေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

“ဒီဆုရဖို့အတွက် ထိပ်တန်းကျောင်းသားဆယ်ယောက်ထဲမှာ ပါဝင်ရတာကို ဂုဏ်ယူမိပါတယ်” ဟု ၎င်းက ဆိုသည်။ ယူနန်စိုက်ပျိုးရေးတက္ကသိုလ်တွင် ဘွဲ့လွန်ပညာသင်ကြားလိုကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

Yuntianhua သည် ၂၀၁၇ ခုနှစ်မှစ၍ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူ ၁၀၇ ဦး အပါအဝင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူ ၄၀၀ နီးပါးအား ပညာသင်ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ကျောင်းသား/ကျောင်းသူများကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် လက်တွေ့စိုက်ပျိုးရေးပညာ လေ့လာနေသော ကျောင်းသား/ကျောင်းသူများကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှိ စာသင်ခန်းအတွင်း ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ကျောင်းသား/ကျောင်းသူများကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117