Connect with us

MYANMAR

COVID-19 လူနာသစ် ၅၈၂ ဦးတွေ့ရှိ ၊ သေဆုံးလူနာ ၁၂ ဦးရှိ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ဓာတ်ခွဲစစ်ဆေးမှုများအရ ၂၄ နာရီအတွင်း လူနာသစ် ၅၈၂ ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၁၂ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှု အရ သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၈,၂၅၇ ခုအား စစ်ဆေးခဲ့ပြီးနောက် ထိုသို့ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ပိုးတွေ့ရှိမှု ၃ ဒသမ ၂ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ ၂၄ နာရီအတွင်း ဆေးရုံဆင်းခွင့် ရရှိသူ ၅၆၀ ဦး ရှိခဲ့ပြီး ၎င်းတို့မှာ ဆေးရုံများ နှင့် COVID-19 ရောဂါကုသရေးဌာနများ(ရန်ကုန်မြို့)တို့မှ ဖြစ်ကြောင်း သိရသည်။

COVID-19 စမ်းသပ်တွေ့ရှိမှုနှုန်းသည် ဓာတ်ခွဲစစ်ဆေးသည့် အရေအတွက်ပေါ်၌လည်း မူတည်နေကြောင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂ ရက်မှ ၁၁ ရက်ထိ နေ့စဉ်စစ်ဆေးသော ဓာတ်ခွဲနမူနာအရေအတွက်မှာ အနည်းဆုံး ၁၅,၉၇၂ ခုမှ အများဆုံး ၂၀,၁၆၄ ခုအထိ ဖြစ်ပြီး ပျှမ်းမျှ အရေအတွက်မှာ ၁၈,၂၂၀ ခု ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဇန်နဝါရီ ၁၁ ရက်အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၃၁,၁၈၆ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၁၁၄,၆၀၉ ဦး နှင့် သေဆုံးလူနာ ၂,၈၅၈ ဦး ရှိလာခဲ့ကြောင်း သိရသည်။တစ်ပြည်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် ပါးစပ် နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်(Mask and Face Shield Campaign) ၌ ပါဝင်သော ဆောင်ရွက်ရမည့် အချက်များကို တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာလျှင် ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.