Connect with us

Environment, Disasters & Accidents

ကရင်ပြည်နယ်အတွင်း စိုက်ပျိုးပြီးမိုးစပါး ဧက ၅၄,၄၁၄ ဧက ရေလွှမ်းမှု ဖြစ်စဉ်ဖြစ်ပွား

ကရင်ပြည်နယ် ရေကြီးနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်အတွင်းရှိ ခရိုင်လေးခရိုင်တွင် ယခုနှစ်မိုးရာသီကာလအတွင်း မိုးစပါး ၄၃၅,၇၂၈ ဧက စိုက်ပျိုးရန် လျာထားရာ ဇူလိုင်လ တတိယပတ်ခန့်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ တောင်ကျရေများ စီးဆင်းခြင်းနှင့် မြစ်ရေချောင်းရေများ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ခြင်းတို့ကြောင့် စိုက်ပျိုးပြီးမိုးစပါး ဧက ၅၄,၄၁၄ ဧက ရေလွှမ်းမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ ရေလွှမ်းမိုးစပါးဧကများ အနက်မှ ယနေ့အချိန်ထိ ၁၂,၃၉၃ ဧကသာ ပြန်ပေါ်ပြီး ဧက ၅၅၆၈ ဧက မှာ လုံးဝပျက်စီးသွားကြောင်း သိရသည်။

ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ရေလွှမ်းပြီးနောက် ပြန်ပေါ်လာသော စပါးစိုက်ခင်းများ အတွက် အထွက်နှုန်း မထိခိုက်စေရန်၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ကွင်းဆင်း၍ ပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ ကျရောက်တတ်သည့် ပိုးမွှားများအတွက် ဆေးဖြန်းစက်၊ ဆေးဖြန်းပုံးများ သိုလှောင်ထားရှိပြီး ပျက်စီးသွားသော စိုက်ခင်းများအတွက် အစားထိုးပြန်လည် စိုက်ပျိုးနိုင်ရေး အတွက် လိုအပ်သည်များ ကြိုတင်စုဆောင်းထားရှိရန်နှင့် အဆင့်သင့် ပြင်ဆင်ထားရှိရန် နှိုးဆော်ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.