Connect with us

Politics, Law & Military

အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး (ASEM) တက်ရောက်ရန် နိုင်ငံတော် သမ္မတ မွန်ဂိုလီးယားနိုင်ငံသို့ သွားရောက်

နိုင်ငံတော်သမ္မတ ဦးထင်ကျော် မွန်ဂိုလီးယားနိုင်ငံသို့ သွားရောက်ရန် ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-Myanmar President Office)

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့၌ ကျင်းပမည့် (၁၁) ကြိမ်မြောက် အာရှ – ဥရောပ ထိပ်သီးအစည်းအဝေး (ASEM) သို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော် သည် ဇူလိုင် ၁၃ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် မွန်ဂိုလီးယားနိုင်ငံသို့ သွားရောက်ခဲ့သည်။

အာရှ – ဥရောပ ထိပ်သီးအစည်းအဝေး (ASEM) ကို ၁၉၉၆ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ စတင် ကျင်းပခဲ့ပြီး ယခုနှစ် မွန်ဂိုလီးယားနိုင်ငံ၌ ကျင်းပမည့် အစည်းအဝေးသည် (၁၁) ကြိမ်မြောက် အစည်းအဝေးဖြစ်ကာ အေဆမ်၏ နှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့ရက်နှင့်လည်း တိုက်ဆိုင်လျက် ရှိသည်။

အဆိုပါ (၁၁) ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး (ASEM) ၌ မြန်မာနိုင်ငံ သည် အာရှဒေသဆိုင်ရာ ညှိနှိုင်းရေးမှူးအဖြစ် နယူးဇီလန်နိုင်ငံနှင့် တွဲဖက်တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက် ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.