Connect with us

Politics, Law & Military

မြန်မာ့ပင်လယ်ပြင် ပိုင်နက်အတွင်း ခွင့်ပြုချက် မရှိသော ငါးဖမ်းရေယာဉ်များကို ထိရောက်စွာ အရေးယူမည်

မြန်မာ့ရေပြင်အတွင်း တရားဝင် ခွင့်ပြုထားသော ငါးဖမ်းရေယာဉ်များကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

မြန်မာ့ပင်လယ်ပြင် ပိုင်နက်အတွင်း သတ်မှတ် ငါးဖမ်းရေယာဉ်များမှ အပ ခွင့်ပြုချက် မရှိသည့် ငါးဖမ်း ရေယာဉ်များကို ယခုလအတွင်းမှ စတင်ပြီး ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ထံမှ သိရသည်။

ငါးမဖမ်းရ ရာသီနှင့် ဧရိယာ သတ်မှတ်ခြင်းများကို ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်မှ စတင်၍ မြန်မာ့ပင်လယ်ပြင် ပိုင်နက် အများဆုံးရှိသည့် တနင်္သာရီတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် စသည့် ဒေသများရှိ ငါးဖမ်းဧရိယာများ၌ ငါးသားပေါက်ချိန်နှင့် ကြီးထွားချိန်တို့တွင် သတ်မှတ်ခြင်းဖြစ်ပြီး ယခုနှစ် အတွက် မေလမှ ဇူလိုင်လအထိ သတ်မှတ်ထားသည်။
အဆိုပါ ငါသားပေါက်ချိန်နှင့် ကြီးထွားချိန်တွင် ယခုလသည် နောက်ဆုံးကာလ ဖြစ်သည့်အတွက် ယင်းကာလအတွင်း ငါးဖမ်းရေယာဉ်များကို ယခင်ထက် ပိုမို လျှော့ချရန် စီစဉ်နေကြောင်း ပြီးခဲ့သည့် နှစ်များက ငါးမဖမ်းရ ရာသီကို သြဂုတ်လ အထိ သတ်မှတ်ခဲ့သော်လည်း ယခု နောက်ပိုင်းကာလတွင် ဂေဟစနစ်နှင့် ရာသီဥတု အခြေအနေများကြောင့် ငါးများသားပေါက်ချိန် ပြောင်းလဲလာသည့် အတွက် သတ်မှတ်ချိန်ကို ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
ငါးမဖမ်းရ ရာသီအတွင်း သတ်မှတ် စည်းကမ်းများကို လိုက်နာခြင်း မရှိဘဲ ငါး ဖမ်းဆီးမှုများ ရှိသည့်အတွက် ယင်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများ ပူးပေါင်းကာ ဖော်ထုတ် အရေးယူသွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.