Africa & Middle East
အီရန်တွင် ဆီတင်ကားနှင့် ခရီးသည်တင်ကား တိုက်မိမှုကြောင့် အနည်းဆုံး လူ ၁၃ ဦး သေဆုံး
တီဟီရန် ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)
အီရန်နိုင်ငံ အနောက်ပိုင်း Kurdistan ပြည်နယ်တွင် ဇူလိုင်လ ၁၁ ရက်က ဆီတင်ကားနှင့် ခရီးသည်တင်ကား တိုက်မိမှုကြောင့် အနည်းဆုံး လူ ၁၃ ဦးသေဆုံးပြီး လူအမြောက်အမြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုမှာ ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ တီဟီရန်သို့ သွားမည့် ခရီးသည်တင်ယာဉ်သည် Sanandajမြို့အဝေးပြေးကားကြီးဝန်းမှ အထွက် လမ်းတွင် ခရီးသည်တင်ရန် ယာဉ်ရပ်နားစဉ် မြန်နှုန်းမြင့်မောင်းနှင်လာသည့် ဆီတင်ကားက အနောက်မှ ဝင်တိုက်ခဲ့ရာ ယာဉ်နှစ်စီးလုံး ပေါက်ကွဲမီးလောင်ခဲ့သည့်အပြင် အနီးရှိ ယာဉ် ၃ စီးကို လည်း မီးကူးစက်ခဲ့ကြောင်း အီရန် Tasnim သတင်းအေဂျင်စီ၏ ဖော်ပြချက်များအရ သိရသည်။
ယာဉ်တိုက်မှုကြောင့် ခရီးသည် ၁၂ ဦးနှင့် ဆီတင်ကား ယာဉ်မောင်းအပါအဝင် လူ ၁၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ဒေသခံရဲတပ်ဖွဲ့က အမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ (Xinhua)