Connect with us

Asia

စင်ကာပူနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူဟုဆို

မြန်မာ-စင်ကာပူ နှစ်နိုင်ငံ စီးပွားရေးဖွံဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ (ဆင်ဟွာ)

စင်ကာပူနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက်နှစ်နိုင်ငံ ဝန်ကြီးအဆင့် ပူးတွဲလုပ်ငန်းကော်မတီ၏ လုပ်ငန်းများကို ယခုနှစ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ပူးတွဲ ပူးတွဲသတင်းထုတ်ပြန်ချက်တစ်စောင်ကို ဖေဖော်ဝါရီ ၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် စီးပွားရေး အခွင့်အလမ်းသစ်များ ပိုမိုဖြစ်ထွန်းစေရေး အတွက် နှစ်နိုင်ငံ ပူးပေါင်းကော်မတီကို ၁၉၉၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ပြန်လည်ဆောင်ရွက်မည့် ပူးပေါင်းကော်မတီသည် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး နှင့် ဥပဒေဆိုင်ရာ ကိစ္စများကို အဓိကထား၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စင်ကာပူနိုင်ငံမှ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Mr.Lim Hng Kiang နှင့် မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌဦးဇေယျာအောင်တို့က ဝန်ကြီးအဆင့် ပူးတွဲလုပ်ငန်းကော်မတီ၏ သဘာပတိ များအဖြစ် တွဲဖက်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။

ဤသို့ ဆောင်ရွက်မည့် အစီအစဉ်ကို စင်ကာပူ ဝန်ကြီးချုပ်ဟောင်း ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး မစ္စတာဂိုချောက်တောင်၏ ၂၀၁၅ ဖေဖော်ဝါရီ ၂ ရက်မှ ၅ ရက်အထိ မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် နေပြည်တော်၌ ဆုံးဖြတ်ချက်ချမှတ် ခဲ့ပါသည်။ နှစ်နိုင်ငံ အရာရှိများသည် အစည်းအဝေးများ ကျင်းပရေး အတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။

စင်ကာပူနှင့် မြန်မာနိုင်ငံတို့သည် စီးပွားရေးချိတ်ဆက်မှု အားကောင်းပြီး နှစ်နိုင်ငံကုန်သွယ် မှုမှာလည်း လွန်ခဲ့သည့်နှစ်များ အတွင်း ပုံမှန် တိုးတက်လျက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ် နှစ်နိုင်ငံ ကုန်သွယ်မှု တိုးတက်မှု မှာ ၂၀၁၃ ခုနှစ်ထက် ၆ ဒဿမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး စုစုပေါင်း ပမာဏ စင်ကာပူဒေါ်လာ ၃ ဒဿမ ၂၃ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂.၃၂ ဘီလီယံ) ရှိခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်စာရင်းများအရ စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံ၏ တတိယ အများဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ကြောင်း၊ စင်ကာပူနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ခဲ့ပြီး စင်ကာပူနိုင်ငံမှ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၈ ဒဿမ ၃ ဘီလီယံ ရှိကြောင်း၊ စင်ကာပူနိုင်ငံမှ ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း၊ စက်မှုလုပ်ငန်းများ၊ အိမ်ရာဆောက်လုပ်မှု လုပ်ငန်းများတွင် အများအပြားရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.