Connect with us

Asia

အိန္ဒိယတွင် လူအုပ်ပိ၍ လူ ၂ဦးသေဆုံး

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကိုလ်ကတ္တားမြို့ ရှိ Santragachi ရထားဘူတာရုံအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကိုလ်ကတ္တားမြို့ ရှိ Santragachi ရထားဘူတာရုံတွင် အောက်တိုဘာ ၂၃ရက် ညနေပိုင်းက လူအုပ်ပိမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ဦးသေဆုံးပြီး လူ ၁၄ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြည်တွင်းသတင်းများ၏ဖော်ပြချက်အရ လူအုပ်ပိမှုသည် Santragachi ရထားဘူတာရုံ ရှိ ရထားလမ်းနှစ်ခုကို ဆက်သွယ်ပေးထားသော တံတားပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူအများ စောင့်ဆိုင်းနေသည့် ရထားလမ်းမှ မဟုတ်ဘဲ အခြား တစ်လမ်းမှ ရထားရောက်ရှိလာ၍ ယင်းရထားပေါ်သို့ တိုးဝှေ့တက်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကိုလ်ကတ္တားမြို့သည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရှိ အနောက်ဘင်ဂေါပြည်နယ်၏ မြို့တော်ဖြစ်သည်။ ပြည်နယ်ဝန်ကြီးချုပ် Mamta Banerjee သည် အခင်းဖြစ်ပွားရာသို့ရောက်ရှိလာပြီး အခြေအနေကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများကို ပြည်တွင်းဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးထားကြောင်း နှင့် ဆေးကုသမှုခံယူပြီးနောက် လူ ၃ဦး ဆေးရုံမှာဆင်းသွားပြီဖြစ်ကြောင်း ရထားလမ်းတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး နောက်ထပ် အသေးစိတ်အချက်အလက်များထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.