Asia
ထိုင်းနိုင်ငံ၊ပတ်တနီ ပြည်နယ်၌ အကြမ်းဖက်လက်နက်ကိုင်များအားရှာဖွေရေးအတွက် ကျယ်ပြန့်သောစစ်ဆင်ရေးများပြုလုပ်မည်။
ဘန်ကောက် ၊ဇူလိုင် ၂၅ ရက်(ဆင်ဟွာ)
ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က နိုင်ငံတောင်ပိုင်း ပတ်တနီပြည်နယ်အတွင်း ဇူလိုင်လ ၂၃ ရက်ညက လူလေးဦးသေဆုံးခဲ့ရသော လုံခြုံရေးစစ်ဆေးရေးဂိတ်တစ်ခုအားတိုက်ခိုက်မှုတွင်ပါဝင် ပတ်သက်သည့် လက်နက်ကိုင်များအားရှာဖွေရေးအတွက်ကျယ်ပြန့်သောစစ်ဆင်ရေးများပြုလုပ်သွား ရန် ဇူလိုင်လ ၂၄ ရက်ကအမိန့်ပေးခဲ့ကြောင်းသိရသည်။
ကာကွယ်ရေးဝန်ကြီးအဖြစ်လည်းတာဝန်ယူထားသော ဝန်ကြီးချုပ်ပရာယွတ် က အခြေအနေတည်ငြိမ် ှုမရှိသောပတ်တနီပြည်နယ်အတွင်းလုံခြုံရေးဆောင်ရွက်မှုများတိုးမြှင့်သွားရန်လည်းညွှန်ကြားခဲ့သည်။ စစ်တိုင်းဒေသအမှတ် (၄) တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး ပွန်ဆက် ပူလ်ဆာဝတ် က တိုက်ခိုက်ပစ်ခတ် မှုများအတွင်း ထွက်ပြေးသွားသောလက်နက်ကိုင်များအနက်အနည်းဆုံး နှစ်ဦးဒဏ်ရာရရှိသွားကြပြီး သွေးစီးကြောင်းများကိုတွေ့ရှိရကြောင်းပြောခဲ့သည်။၎င်းကတိုက်ခိုက်မှုတွင် သေဆုံးရသူဓါးစာခံများ ၏ မိသားစုများအတွက် စာနာမိပါကြောင်းနှင့် ၎င်းတို့အားထောက်ပံ့မှုများပြုလုပ်သွားမည်ဟုအတည် ပြုပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ဆက်သွယ်ဖောက်လုပ်မည့် အရှည် ၂၅၂ ဒသမ ၃ ကီလိုမီတာရှိ မြန်နှုန်းမြင့်ရထားလမ်း ပုံစံဒီဇိုင်းကို တွေ့ရစဉ်(ဆင်ဟွာ)
ပတ်တနီပြည်နယ်က ထိုင်းနိုင်ငံ၏တောင်ဘက်အကျဆုံးပြည်နယ်သုံးခုအနက်တစ်ခုဖြစ်ပြီး ၂၀၀၄ ခု နှစ်မှစတင်၍ ခွဲထွက်ရေးသမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မတည်မငြိမ်ဖြစ်လျက်ရှိ သည်။ယနေ့အထိ ဗုံးခွဲတိုက်ခိုက်မှုများ၊ခြုံခိုတိုက်ခိုက်မှုများ၊မီးရှို့တိုက်ခိုက်မှုများ အပါအဝင်အကြမ်း ဖက်တိုက်ခိုက်မှုပေါင်း ၉,၉၀၀ ကျော်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်မှုများကြောင့်သေဆုံးရသူထက်ဝက် ကျော်မှာ အရပ်သားမျာဖြစ်ကြောင်းသိရသည်။(Xinhua)