Connect with us

North America

နေတိုး (NATO) က အရေးပါကြောင်း အမေရိကန်၊ ဂျာမနီ ခေါင်းဆောင်များ အတည်ပြုပြောကြား

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (ဝဲ) နှင့် ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာ မာကဲ (ယာ) တို့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ဝင်နိုင်ငံများ အဖွဲ့အစည်း (NATO) ၏ အတ္တလန္တိတ် သမုဒ္ဒရာဖြတ်ကျော် နိုင်ငံများ ဆိုင်ရာ နယ်စပ်ဆက်ဆံရေးက အခြေခံကျသော အရေးပါမှုအဖြစ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာ မာကဲတို့က ဇန်နဝါရီလ ၂၈ ရက်တွင် သဘောတူခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များ တယ်လီဖုန်းဖြင့် စကားပြောကြားခဲ့စဉ်တွင် မြောက်အတ္တလန္တိတ် အသိုက်အဝန်း တည်ငြိမ် အေးချမ်းရေးအတွက် စစ်တပ် အခန်းကဏ္ဍ အရေးပါပုံအား အတည်ပြု ပြောကြားခဲ့ကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“NATO က အကြမ်းဖက်မှုတွေကို ဂရုမစိုက်နိုင်တော့တဲ့အတွက် ခေတ်နောက်ကျကျန်ခဲ့ကြောင်း၊ အဖွဲ့ဝင် နိုင်ငံများက ၎င်းတို့ ထည့်ဝင်ရမည့် ငွေကြေးကို ထည့်ဝင်ခြင်း မရှိတော့ကြောင်းနှင့် ယင်းမှာ အမေရိကန် အတွက် မျှတမှု မရှိကြောင်း” မကြာသေးမီက ပြုလုပ်ခဲ့သည့် အင်တာဗျူး တစ်ခု၌ ထရမ့်က စောဒကတက် ပြောကြားထားသည်။

ထရမ့်နှင့် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဇာမေတို့ ဝါရှင်တန်တွင် ပူးတွဲပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ အမေရိကန် သမ္မတ ထရမ့် အနေဖြင့် နေတိုး၏ နောက်တွင် ရာခိုင်နှုန်းပြည့် ရှိနေကြောင်း ထရီဇာမေက ပြောကြားခဲ့သည်။

ထရမ့်နှင့် မာကဲတို့ ဇန်နဝါရီလ ၂၈ ရက်က ဖုန်းပြောကြားခဲ့ရာတွင် နှစ်နိုင်ငံ လုံခြုံရေးနှင့် ကြွယ်ဝ ချမ်းသာမှုအတွက် ဂျာမန်-အမေရိကန် ဆက်ဆံရေး အရေးကြီးပုံကို အခိုင်အမာ ပြောဆိုခဲ့ပြီး လာမည့် နှစ်များအတွင်း နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မြဲရန် ဆန္ဒရှိကြောင်းလည်း မျှော်လင့်ထားသည်ဟု ဆိုသည်။

ထို့ပြင် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကအတွင်း အကြမ်းဖက်မှု၊ ရက်စက်ကြမ်းကြုတ်သော အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်၊ ပဋိပက္ခဒေသအတွင်း တည်ငြိမ်ရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များ သဘောတူခဲ့ကြသည်။

ဂျာမနီနိုင်ငံ ဟမ်းဘာ့ခ်မြို့၌ ဇူလိုင်လတွင် ပြုလုပ်မည့် G20 ထိပ်သီး အစည်းအဝေး တက်ရောက်ရန်အတွက် မာကဲ၏ ဖိတ်ကြားချက်အား ထရမ့်က လက်ခံခဲ့သလို မာကဲကိုလည်း ဝါရှင်တန်သို့ မကြာမီအချိန်အတွင်း လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.