Connect with us

North America

သမ္မတဒေါ်နယ်ထရမ့်၏ မွတ်စလင်ပြည်ဝင်ခွင့် ပိတ်ပင်ရေး အမိန့်အား အမေရိကန်တရားသူကြီးတစ်ဦးက ယာယီတားမြစ်

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်အား တွေ့ ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

အမရိကန်နိုင်ငံသို့တရားဝင် ဗီဇာဖြင့်ဝင်ရောက်လာသူများအား သမ္မတအမိန့်တစ်ရပ်ဖြင့် ပြည်ဝင်ခွင့် ပိတ်ပင်တားဆီးမည့် သမ္မတဒေါ်နယ်ထရမ့်၏ အစီအစဉ်ကို အမေရိကန်နိုင်ငံပြည်ထောင်စုတရားသူကြီးတစ်ဦးက ဇန်နဝါရီလ ၂၈ ရက်တွင် ယာယီတားမြစ်မိန့်ထုြတ်ပန်လိုက်ကြောင်း အမေရိကန်သတင်းဌာနများက သတင်းဖော်ပြခဲ့သည်။

သမ္မတဒေါ်နယ်ထရမ့်သည် မွတ်စလင်အများစုနေထိုင်သည့် နိုင်ငံပေါင်း ၇ နိုင်ငံမှ ပြည်သူများကို အမေရိကန်နိုင်ငံ၌ ရက်ပေါင်း ၉ဝကြာ ပြည်ဝင်ခွင့် ပိတ်ပင်တားဆီးခြင်းအမိန့် နှင့် အမေရိကန်ဒုက္ခသည်လက်ခံရေးအစီအစဉ်ကို လေးလကြာ ဆိုင်းငံ့ခြင်း အမိန့်တို့ကို ဇန်နဝါရီလ ၂၇ ရက်တွင် သမ္မတအမိန့်ထုတ်ပြန်ချက်တစ်ရပ်ဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.