Media
တရုတ်ရဟတ်ယာဉ်ပြပွဲတွင် ရဟတ်ယာဉ်အမျိုးအစား အများအပြားနှင့် ဝေဟင်နိမ့်ပျံသန်းရေး လေယာဉ်များကို ပွဲဦးထွက် မိတ်ဆက်ပြသ
ထျန်းကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ခုနစ်ကြိမ်မြောက် တရုတ်ရဟတ်ယာဉ်ပြပွဲကို အောက်တိုဘာ ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ တိုးချဲ့ထည့်သွင်းထားသည့် ဝေဟင်နိမ့်စီးပွားရေး ပြခန်းဧရိယာတစ်ခု ပါဝင်သကဲ့သို့ စစ်ဘက်နှင့် အရပ်ဘက်သုံး ရဟတ်ယာဉ်အများအပြားနှင့် အခြား ဝေဟင်နိမ့်ပျံသန်းရေး လေယာဉ်အမျိုးအစားများကိုလည်း ပွဲဦးထွက် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။
တရုတ်လေကြောင်းလုပ်ငန်း ကော်ပိုရေးရှင်း (AVIC) နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့က ကြီးမှူးကာ လေးရက်ကြာ ကျင်းပမည့် အဆိုပါပြပွဲတွင် ရဟတ်ယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များ (UAVs) နှင့် လျှပ်စစ်စွမ်းအင်သုံး ဒေါင်လိုက်အတက်အဆင်း ပြုလုပ်နိုင်သည့်ယာဉ်ပျံများ (eVTOL) အပါအဝင် လေယာဉ်နမူနာအမျိုးအစား ၅၂ မျိုးကို ပြသသွားမည်ဖြစ်သည်။
ထိုပြပွဲ၌ စိတ်ဝင်စားစရာအကောင်းဆုံး ရဟတ်ယာဉ်နှင့် လေယာဉ်အမျိုးအစားများအနက် PLA က ထုတ်လုပ်ထားသည့် Z-10 ၊ Z-19 ၊ Z-20 ၊ Z-20T ၊ Z-8L ရဟတ်ယာဉ်များနှင့် KVD001 နှင့် KVD002 မောင်းသူမဲ့လေယာဉ်များ၊ AVIC က ထုတ်လုပ်ထားသည့် AC312E နှင့် AC311A ရဟတ်ယာဉ်များ၊ Leonardo AW139 ရဟတ်ယာဉ်များနှင့် Airbus H135 ရဟတ်ယာဉ်များ ပါဝင်ကြောင်း သိရသည်။
AVIC အနေဖြင့် AR-E40 ၊ AR-E300 နှင့် AR-E300A စသည့် လျှပ်စစ်စွမ်းအင်သုံး ဒေါင်လိုက်အတက်အဆင်း ပြုလုပ်နိုင်သည့်ယာဉ်ပျံများအပြင် Z-20 နှင့် AR-E စီးရီးစ် စွမ်းအင်သစ်သုံး လေယာဉ်များကို ရှေ့ပြေးနမူနာပုံစံများနှင့် ပုံရိပ်ယောင်နည်းပညာ (VR) တို့ဖြင့် ပြသသွားမည်ဖြစ်သည်။
ထိုပြပွဲတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က လေယာဉ်နှင့် ရဟတ်ယာဉ်များကို အနီးကပ်လေ့လာနိုင်ရန် ပြသထားခြင်း၊ သရုပ်ပြပျံသန်းခြင်းနှင့် ပြပွဲဧရိယာအတွင်း မိတ်ဆက်ပြသခြင်းများ ပြုလုပ်ခဲ့ကာ ရဟတ်ယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များနှင့် ယင်းတို့တွင် တပ်ဆင်ထားသော လက်နက်များကို မိတ်ဆက်ပြသခဲ့သည်။
၂၀၁၁ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံအဆင့် ပရော်ဖက်ရှင်နယ် နိုင်ငံတကာ ရဟတ်ယာဉ်ပြပွဲမှာ ကမ္ဘာတစ်ဝန်းမှ ရဟတ်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီများအား ယင်းတို့၏ အသုံးအဆောင်ပစ္စည်းများကို ပြသရန်၊ နည်းပညာများ ကူးလူးဖလှယ်ရန်နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်အတွက် ပလက်ဖောင်းတစ်ခုကို ဖန်တီးပေးလျက်ရှိသည်။ (Xinhua)
……………………………………………………………………………………………………
(English Version)
China Helicopter Exposition opens, debuting multiple helicopters, low-altitude aircraft
TIANJIN, Oct. 16 (Xinhua) — The seventh China Helicopter Exposition opened on Thursday in north China’s Tianjin Municipality, featuring an expanded low-altitude economy exhibition area and debuting multiple military helicopters, civilian helicopters and other low-altitude aircraft.
Hosted by the Aviation Industry Corporation of China (AVIC) and the Army of the Chinese People’s Liberation Army, the four-day event is set to showcase 52 aircraft models, including helicopters, unmanned aerial vehicles (UAVs), and electric vertical takeoff and landing (eVTOL) aircraft.
Highlights include the Z-10, Z-19, Z-20, Z-20T and Z-8L helicopters, the KVD001 and KVD002 UAVs developed by the PLA Army; the AC312E and AC311A models developed by the AVIC; and Leonardo AW139 and Airbus H135 aircraft.
The AVIC will also display the Z-20 and AR-E-series new energy aircraft through physical models and virtual reality technology, alongside eVTOL products such as the AR-E40, AR-E300 and AR-E300A.
The PLA Army’s participation in the exhibition features static displays, flight demonstrations and indoor exhibits, presenting helicopters, UAVs and onboard weapons.
Since 2011, the China Helicopter Exposition — the country’s only national-level, professional international helicopter exhibition — has provided a platform for global helicopter manufacturers to display equipment, exchange technology and promote international cooperation.