Africa & Middle East
ကမ္ဘာ့ကလေးများနေ့ – ဂါဇာကမ်းမြောင်ဒေသမှ ကလေးငယ်များဘဝ
ပေကျင်း၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
နှစ်စဉ် နိုဝင်ဘာ ၂၀ ရက်သည် ကုလသမဂ္ဂက အတည်ပြုထားသည့် ကမ္ဘာ့ကလေးများနေ့ဖြစ်ပြီး ကလေးငယ်များ အခွင့်အရေးအား အာမခံရန်၊ ကလေးငယ်များ လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်သည်။ ကလေးငယ်များဘဝသည် အမှန်စင်စစ်တွင် အပူအပင်ကင်းမဲ့ရမည်ဖြစ်သည်။ သို့သော် ဂါဇာကမ်းမြောင်ဒေသမှ ကလေးငယ်များကမူ စစ်ပွဲနှင့် လှုပ်ခတ်မှုများကြောင့် ဒုက္ခများကာ အိမ်ခြေရာမဲ့သွားလာနေရသည့်ဘဝကို ကျော်ဖြတ်နေရသည်။
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က မကြာသေးမီက ထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ဖြစ်ပွားသည့် ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေးပဋိပက္ခကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် ကလေးငယ်ပေါင်း ၆၄,၀၀၀ ကျော် သေဆုံးဒဏ်ရာရခဲ့ပြီး ကလေးငယ်ပေါင်း ၅၆,၀၀၀ ကျော်သည် မိဘနှစ်ပါး သို့မဟုတ် တစ်ပါး ဆုံးရှုံးခဲ့ရကြောင်း၊ ဒေသတစ်ခုလုံးရှိ ကလေးငယ်များ အားလုံးသည် ခြွင်းချက်မရှိ “စိတ်ဒဏ်ရာဖြစ်ရပ်များ” တွေ့ကြုံခဲ့ရပြီး ပညာသင်ကြားမှုများ အဆက်ပြတ်ခဲ့ရသည်။
UNICEF အမှုဆောင်ဒါရိုက်တာ Catherine Russell က စစ်ပွဲကြောင့် ဂါဇာကမ်းမြောင်ဒေသ ကလေးငယ်များသည် များစွာဆုံးရှုံးခဲ့ရကြောင်း၊ “သူတို့ကအခု စဉ်ဆက်မပြတ်ဖြစ်ပြီး ရေရှည်ဖြစ်တဲ့ ငြိမ်းချမ်းရေးကို ရရှိသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်း ဂါဇာစီးတီးတွင် နေရပ်စွန့်ခွာသော ကလေးငယ်များက ယာယီရွက်ဖျင်တဲဇုန်တစ်နေရာ၌ ဆော့ကစားနေသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)



————————-
(Chinese Version)
世界儿童日:加沙地带的童年
新华社照片,北京,2025年11月20日
每年的11月20日是联合国确定的世界儿童日,旨在保障儿童权利、改善儿童生活。童年本该无忧无虑,加沙地带的孩子们却因战争和动荡过着颠沛流离的生活。
联合国儿童基金会近期公布的数据显示,2023年10月爆发的本轮巴以冲突已导致加沙地带超过6.4万名儿童伤亡,超过5.6万名儿童失去双亲或父母中一方,全境儿童无一例外都遭遇了“创伤事件”,学业被迫中断。儿基会执行主任凯瑟琳·拉塞尔说,战争已让加沙地带的孩子们失去太多,“他们现在应获得可持续、长久的和平”。
1、2025年8月8日,一名男孩坐在加沙地带北部加沙城以军袭击后的废墟上。 新华社发(里泽克·阿卜杜勒贾瓦德摄)
2、2024年12月9日,在加沙地带北部加沙城,流离失所的孩子们在一处临时帐篷区玩耍。 新华社发(马哈茂德·扎基摄)
