Africa & Middle East
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဟော်မုဇ်ရေလက်ကြား အခြေအနေနှင့်စပ်လျဉ်း၍ သတင်းထောက်မေးမြန်းမှုအား ဖြေကြား
ပေကျင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဧပြီ ၂၀ ရက်တွင် ဟော်မုဇ်ရေလက်ကြား အခြေအနေနှင့်စပ်လျဉ်း၍ သတင်းထောက်မေးမြန်းမှုအား ဖြေကြားရာတွင် သက်ဆိုင်သူများအနေဖြင့် တာဝန်ယူမှုရှိသောသဘောထားဖြင့် အပစ်ရပ်ရေးကတိအား လိုက်နာရန်၊ ပဋိပက္ခအဆင့်မြင့်တက်လာခြင်း၊ အခြေအနေတင်းမာလာခြင်းကို ရှောင်ကြဉ်ရန်၊ ရေလက်ကြား၌ ပုံမှန်ဖြတ်သန်းသွားလာမှု ပြန်လည်ဖော်ဆောင်ရေးအတွက် မဖြစ်မနေလိုအပ်သောအခြေအနေ ပံ့ပိုးပေးရန် မျှော်လင့်ကြောင်း၊ လက်ရှိဒေသတွင်းအခြေအနေသည် စစ်ပွဲနှင့် အလှည့်အပြောင်း၏ အရေးကြီးအဆင့်၌ ရောက်ရှိနေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ အခြေအနေ အရှိန်လျော့လာမှုအတွက် ရှိသင့်ရှိထိုက်သော ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်က တရုတ်နိုင်ငံမှစတင်ထွက်သော အီရန်ကုန်တင်သင်္ဘောတစ်စင်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ အီရန်ဘက်က “အမေရိကန်စစ်တပ်၏ လက်နက်ကိုင် ပင်လယ်ဓားပြလုပ်ရပ်” အပေါ် လက်တုံ့ပြန်သွားမည်ဖြစ်ပြီး ဒုတိယအကြိမ်ဆွေးနွေးညှိနှိုင်းမှုတွင် ပါဝင်မည်မဟုတ်ဟု ဆိုခဲ့ကြောင်း၊ အီရန်-အမေရိကန် အပစ်ရပ်ရေးအစီအစဉ်ကမူ မနက်ဖြန် (ဧပြီ ၂၁ ရက်) တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ဘက်က သင်္ဘောဖမ်းဆီးထိန်းသိမ်းထားမှုအပေါ် မည်ကဲ့သို့ သုံးသပ်ပြောကြားလိုသနည်း၊ ကုန်သင်္ဘောပေါ်၌ မည်သည့်ကုန်ပစ္စည်းများ တင်ဆောင်ထားသနည်း၊ အပစ်ရပ်မှုအစီအစဉ် ပြိုကွဲမည့်အခြေအနေကျရောက်နေသည်ကို မည်ကဲ့သို့သုံးသပ်ပြောကြားလိုသနည်းဟု သတင်းထောက်က ထိုနေ့သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။
“ဟော်မုဇ်ရေလက်ကြားအခြေအနေက အကဲဆတ်ပြီးရှုပ်ထွေးပါတယ်။ ကျွန်တော်တို့အနေနဲ့ အမေရိကန်ဘက်က သက်ဆိုင်ရာသင်္ဘောအား အတင်းအဓမ္မတားဆီးမှုအပေါ် စိုးရိမ်ကြောင်း ပြောကြားလိုပါတယ်။ သက်ဆိုင်သူများက တာဝန်ယူမှုရှိတဲ့သဘောထားနဲ့ အပစ်ရပ်ရေးကတိကို လိုက်နာဖို့၊ ပဋိပက္ခ အဆင့်မြင့်တက်လာခြင်း၊ အခြေအနေတင်းမာလာခြင်းကို ရှောင်ကြဉ်ဖို့၊ ရေလက်ကြားမှာ ပုံမှန်ဖြတ်သန်းသွားလာမှု ပြန်လည်ဖော်ဆောင်ရေးအတွက် မဖြစ်မနေလိုအပ်သော အခြေအနေ ပံ့ပိုးပေးဖို့ မျှော်လင့်ပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။
လက်ရှိဒေသတွင်းအခြေအနေက စစ်ပွဲနှင့် အလှည့်အပြောင်း၏ အရေးကြီးအဆင့်၌ ရောက်ရှိနေကြောင်း၊ ငြိမ်းချမ်းရေးပြတင်းပေါက်ကို ဖွင့်ထားပြီးပြီဆိုပါက စစ်ပွဲဆောလျင်စွာအဆုံးသတ်ရန်အတွက် အကျိုးရှိသော အခြေအနေဖန်တီးပေးသင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်သူများက အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအလားအလာကို ဆက်လက်ထိန်းသိမ်းထားရန် ထောက်ခံအားပေးကြောင်း၊ သမ္မတ ရှီကျင့်ဖိန်၏ အဆိုပြုချက် လေးရပ်စိတ်ဓာတ်ကို အရင်းခံကာ အခြေအနေ အရှိန်ပြေလျော့လာရေးကို ဆက်လက်တွန်းအားပေးပြီး နောက်ဆုံးတွင် အရှေ့အလယ်ပိုင်းဒေသ ရေရှည်ငြိမ်းချမ်းတည်ငြိမ်မှု ဖော်ဆောင်ရန်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လတ်တလောရက်ပိုင်းတွင် အီရန်စစ်တပ်ဘက်က ဟော်မုဇ်ရေလက်ကြားတွင် အိန္ဒိယနိုင်ငံအလံ လွှင့်ထူထားသော သင်္ဘောကို ပစ်ခတ်မှုလုပ်ဆောင်ခဲ့ရာ ပင်လယ်ရေကြောင်း ဘေးကင်းလုံခြုံမှုအပေါ် စိုးရိမ်ပူပန်မှုဖြစ်စေခဲ့ကြောင်း၊ တရုတ်ဘက်အနေဖြင့် အဆိုပါ အဆင့်မြင့်တက်လာသည့်အခြေအနေအပေါ် မည်ကဲ့သို့ရှုမြင်သနည်း၊ မိမိကိုယ်တိုင်က ထိုရေလက်ကြားတွင် ရေကြောင်းပို့ဆောင်ရေးနှင့် စွမ်းအင်အကျိုးစီးပွားအပေါ် အာမခံနိုင်ရန်အတွက် မည်သည့်အစီအမံများ လုပ်ဆောင်သွားမည်နည်းဟု သတင်းထောက်က မေးမြန်းခဲ့သည်။
ကောကျားခွန်းက ဟော်မုဇ်ရေလက်ကြားသည် နိုင်ငံတကာဖြတ်သန်းသွားလာသည့် ရေလက်ကြားဖြစ်ရာ အဆိုပါဒေသ ငြိမ်းချမ်းတည်ငြိမ်မှုနှင့် အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာမှုကို ကာကွယ်ထိန်းသိမ်းခြင်းသည် ဒေသတွင်းနိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးက ရေလက်ကြားအခြေအနေ တစ်ဆင့်တိုးဆိုးရွားလာမှုကို အတူတကွရှောင်ကြဉ်ရန် မျှော်လင့်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ အခြေအနေ အရှိန်လျော့လာမှုအတွက် ရှိသင့်ရှိထိုက်သော ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
外交部发言人就霍尔木兹海峡局势答记者问
新华社北京4月20日电(记者曹嘉玥、万倩仪)外交部发言人郭嘉昆20日就霍尔木兹海峡局势答记者问时表示,希望相关方以负责任的态度恪守停火约定,避免激化矛盾、加剧局势紧张,为海峡通行恢复正常提供必要条件。当前地区局势正处在战和转换的关键阶段,中方愿同国际社会一道,为推动缓局降温继续作出应有的努力。
当日例行记者会上,有记者问:美国扣押了一艘自中国出发的伊朗货轮,伊朗表示将对“美军的武装海盗行径”进行报复,不会参加第二轮谈判,而伊美停火安排将于明天到期。中方对美方扣押船只有何评论?货轮装载了什么物品?对停火安排面临破裂有何评论?
“霍尔木兹海峡局势敏感复杂。我们对美方强制截停有关船只表示关切,希望有关方以负责任的态度恪守停火约定,避免激化矛盾、加剧局势紧张,为海峡通行恢复正常提供必要条件。”郭嘉昆说。
他表示,当前地区局势正处在战和转换的关键阶段,和平窗口既已打开,就应为尽早结束战争创造有利条件。中方支持相关方继续保持停火和谈判势头,将本着习近平主席四点主张精神,继续推动局势缓和,为最终实现中东地区持久和平稳定发挥建设性作用。
有记者问:近日,伊朗军方在霍尔木兹海峡对悬挂印度国旗的船只开火,引发对海上安全的担忧。中方如何看待该升级事态?将采取哪些措施保障自身在该海峡的航运和能源利益?
郭嘉昆说,霍尔木兹海峡是国际通行海峡,维护这一地区的和平稳定与畅通,符合地区国家和国际社会共同利益。中方希望各方共同避免海峡局势进一步恶化,愿同国际社会一道,为推动缓局降温继续作出应有的努力。(完)
图说:这是2025年2月19日拍摄的霍尔木兹海峡的资料照片。新华社记者汪强摄
