Connect with us

Videos

ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ကိုယ်စားလှယ်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာ

နေပြည်တော်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် နိုဝင်ဘာလ ၈ ရက်နေ့တွင် နိုင်ငံတစ်ဝန်း၌ ကျင်းပခဲ့သည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိသော လွှတ်တော် ကိုယ်စားလှယ်များနှင့် မဲရလဒ်များကို ပထမဆုံး အကြိမ်အဖြစ် ယနေ့ နိုဝင်ဘာလ ၉ ရက်တွင် စတင် ကြေညာ ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးရှိ မီဒီယာ စင်တာ ဖွင့်ပွဲ အခမ်းအနားတွင် အဆိုပါ ရလဒ်များကို ကြေညာခဲ့ခြင်းဖြစ်ပြီး ယနေ့ ကြေညာသော စာရင်းတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၂ နေရာနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၄ နေရာ၏ မဲစာရင်း ရလဒ်များ ပါဝင်သည်။

ပြည်သူ့ လွှတ်တော်တွင် NLD ပါတီ မှ ၁၂ နေရာ လုံး အနိုင်ရရှိခဲ့သည်။ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၄ နေရာတွင်မူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ ဆိပ်ကမ်း (၁) မဲဆန္ဒနယ် အတွက် တစ်နေရာ အနိုင်ရရှိခဲ့ပြီး ကျန်သုံးနေရာအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မီဒီယာ စင်တာ ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက မိန့်ခွန်း ပြောကြားရာ၌ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် တည်ငြိမ် အေးချမ်းသည့် ရွေးကောက်ပွဲဖြစ်ကြောင်း သုံးသပ် ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.