Connect with us

Videos

I love China စကားလုံးကို ဒီရေတောအပင်များဖြင့် ပုံဖော်စိုက်ပျိုးထား

ဖူကျန့်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ်ရှိ ရှန်အန် ခရိုင်၊ ရှောင်းမန် မြို့တွင် I love china ဟု ပုံဖော်ထားသောဒီရေတောကို ကောင်းကင်မြင်ကွင်းမှ တစ်ဆင့် ကြည့်ရှုပါက ထင်ရှားစွာ မြင်တွေ့နိုင်မည်ဖြစ်သည်။ထိုဒီရေတောကို လွန်ခဲ့သည့် ၅ နှစ်ကတည်းက စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်အတွက် ဒီရေတောများမှာ များစွာအရေးပါသည်။ အင်္ဂလိပ်စာလုံး I နှင့် love ကို ကိုယ်စားပြုသည့် အသည်းပုံ နှင့်အတူ တရုတ်နိုင်ငံ အလံကို ကိုယ်စားပြုသည့် ကြယ် ငါးလုံးပုံစံကို အတိအကျ ရရှိရန် ခက်ခဲစွာ စိုက်ပျိုးခဲ့ရကြောင်းသိရသည်။

ထို လုပ်ငန်းအား ဦးဆောင်သူ ပရော်ဖက်ဆာ Lu Changyi က ယခုကဲ့သို့ ဒီရေတောများ စိုက်ပျိုးခြင်းသည် အလွန် အရေးပါကြောင်း၊ မိမိတို့ အပင်များကို စိုက်ပျိုးခြင်းသည် အဆိုပါ အပင်များရှင်သန်စေရန်နှင့်သဘာဝပတ်ဝန်းကျင်အား ပိုမို အကာအကွယ်ပြုနိုင်မည့်အပင်များကို ပိုမိုစိုက်ပျိုးကြခြင်းဖြစ်ကြောင်း၊ မိမိတို့ဆောင်ရွက်ချက်ကြောင့် ပြည်သူများ က ရေကြောင်းအရင်းအမြစ် ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ရန်နှင့် ဒီရေတောများအား ကာကွယ်စောင့်ရှောက်ရန် အသိပညာများ ပိုမို မြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.