Connect with us

Videos

မာလာလာ ယူဆွတ်ဇိုင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးသံတမန်ဖြစ်လာ

နယူးယောက်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က မာလာလာ ယူဆွတ်ဇိုင်းအား ငြိမ်းချမ်းရေးသံတမန်အဖြစ်ခန့်အပ်ခဲ့သည်။အသက် ၁၉ နှစ်အရွယ်သာ ရှိသေးသည့် ပါကစ္စတန်နိုင်ငံ က မာလာလာ သည် မိန်းကလေးငယ်များ၏ ပညာရေးအတွက် အထူးအလေးထား တိုက်ပွဲဝင်ခဲ့သူ ကုလသမဂ္ဂ ၏ အသက်အငယ်ဆုံး ငြိမ်းချမ်းရေးသံတမန်တစ်ဦးဖြစ်လာသည်။အခမ်းအနားတွင် Guterres က မာလာလာသည် ကုလသမဂ္ဂ၏ ဦးတည်ချက်များနှင့်ကိုက်ညီသည့်အပြင် လူသားအားလုံး၏ အခွင့်အရေး အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးအတွက် သတ္တိအပြည့်ဖြင့် တိုက်ပွဲ ဝင်သူဖြစ်သောကြောင့် သူမ အားထို ဆုကို ချီးမြှင့်ရခြင်း ဖြစ်ကြောင်းပြောကြားသည်။မာလာလာ က ပညာရေးဟာ ကလေးများအားလုံးအထူးသဖြင့် မိန်းကလေးများ အားလုံးရဲ့ အခွင့်အရေး ဖြစ်ပြီး ထိုအခွင့်အရေးကို လစ်လျူမရှုသင့်ကြောင်း အခမ်းအနားတွင်ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.