Connect with us

Videos

ပါကစ္စတန်နိုင်ငံရှိ တရုတ်ကုမ္ပဏီလုပ်ငန်းများက ရေဘေးသင့်နေရာများသို့ ကူညီထောက်ပံ့မှုများ ပေးအပ်

ပါကစ္စတန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ရှိ တရုတ်ကုမ္ပဏီလုပ်ငန်းများက ပါကစ္စတန်နိုင်ငံရှိ ရေဘေးဒဏ်သင့် ပြည်သူများအား ဖေးမကူညီထောက်ပံ့မှုများတွင် ပါဝင်ခဲ့ကြကြောင်း သိရသည်။ရေဘေးဒဏ် ဆိုးဝါးစွာ ခံစားခဲ့ရသော ပါကစ္စတန်နိုင်ငံတောင်ပိုင်း Sindhပြည်နယ် Sukkur မြို့ တွင် Sukkur-Multan အမြန်လမ်းမ တည်ဆောက်သူ China State Construction Engineering Corporation (CSCEC) မှ ဆန်၊ စားနပ်ရိက္ခာ၊ ဆီနှင့် အခြားလိုအပ်သော ထောက်ပံရေး ပစ္စည်းများကို ဒေသခံ ၈၀၀ ထံ လှူဒါန်းခဲ့ကြကြောင်း သိရသည်။ အဆိုပါစီမံကိန်းသည် စုစုပေါင်း ၃၉၂ ကီလိုမီတာ ရှိပြီး ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းနှင့် တောင်ပိုင်းကို ချိတ်ဆက်ထားသော လမ်းပန်းဆက်သွယ်ရေး၏ အသက်သွေးကြော တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရသည်။ ယင်းကုမ္ပဏီသည် ဆေးအဖွဲ့ဖွဲ့စည်းကာ ကျေးရွာများသို့ သွားရောက်၍ ဆေးကုသမှုနှင့် ဆေးဝါးပစ္စည်းအခမဲ့လှူဒါန်းခြင်း ကျန်းမာရေးကုသိုလ်ဒါနများ ပြုခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်ရှိ Suki Kinari ရေအားလျှပ်စစ် စီမံကိန်းသည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC)အောက်ရှိ အဓိကစီမံကိန်း တစ်ခုဖြစ်သည်။ ယင်းစီမံကိန်း တည်ဆောက်သူ China Gezhouba Group Co.Ltd(CGGC)သည် ပျက်စီးသွားသည့် လမ်းတံတားများ ပြင်ဆင်ရန်နှင့် ရေ၊ မီး စသည့် ပံ့ပိုးမှုစနစ်များပြန်လည်ပြုပြင်ရန်အတွက် ဒေသခံအစိုးရနှင့်အတူ အရေးပေါ် ကူညီဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

CGGC က ရေနစ်မြုပ်ခဲ့သည့် Dasu မြို့တွင် ဒေသခံများအတွက် အစားအသောက် အထုပ်အပိုး ၄၀၀ ကျော်ကိုလည်း ဝယ်ယူပေးခဲ့ကြောင်း သိရသည်။ (Xinhua)

#CPEC #Pakistan #FloodDisaster #Relief #China #Xinhua #Xinhuamyanmar #တရုတ် #ပါကစ္စတန် #ရေဘေး #ကူညီမှုများ #ဆင်ဟွာ

Chinese enterprises in Pakistan provide support to flood-hit areas

Chinese enterprises carrying out projects under the China-Pakistan Economic Corridor(CPEC) have taken action to provide relief to people suffering from floods in Pakistan.
As the city of Sukkur in the southern province of Sindh has been severely flooded, China State Construction Engineering Corporation(CSCEC),constructor of the Sukkur-Multan Motorway,donated rice,grain, oil and other urgently needed supplies to 800 affected locals.The 392-km-long project is part of Pakistan’s north-south traffic artery. The company also organized medical teams to go to villages for free medical treatment and free medicine delivery.
The Suki Kinari hydropower project in Pakistan’s northwestern Khyber Pakhtunkhwa province is one of the priority projects under CPEC. China Gezhouba Group Co.Ltd(CGGC) constructor of the project , quickly launched emergency assistance mechanism with the local government to repair damaged roads and bridges and restore water and power supply systems.
In flooded Dasu town CGGC purchased 400 food packages for local families.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.