Connect with us

Media

မြန်မာနိုင်ငံ၌ ဝါတွင်းကာလရောက်ချိန် ငှက်ပျောသီးဈေးကွက် အရောင်းအဝယ်အေး

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ဝါတွင်းကာလ (ဝါဆိုလပြည့်) မတိုင်မီ ငှက်ပျောရာသီချိန်မှာ အရောင်းအဝယ်သွက်ခဲ့တဲ့ ငှက်ပျောသီးဈေးကွက်ဟာ လက်ရှိမှာ အရောင်းအဝယ်အေးလျက်ရှိတယ်လို့ ဗားကရာဆိပ်ကမ်း ငှက်ပျောပွဲရုံတန်းမှ ငှက်ပျောပွဲစား ကိုကျော်နိုင်က ဆင်ဟွာကိုပြောပါတယ်။ ဖီးကြမ်းငှက်ပျောက မြန်မာနိုင်ငံအလယ်ပိုင်း ကျောက်ဆည်ဘက်က အဝင်များသလို သီးမွှေးငှက်ပျောနဲ့ အခြားအသီးတွေကတော့ ဧရာဝတီတိုင်းဒေသကြီးဘက်က အဝင်များတယ်လို့ ကိုကျော်နိုင်က ဆင်ဟွာကိုပြောပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ကချင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတစ်ဆင့် တစ်သျှူးငှက်ပျော တန်ချိန် ၁၁၀,၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာရဲ့ ဇူလိုင် ၂၄ ရက် သတင်းဖော်ပြချက်အရ သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံသို့ ဧပြီလမှာ တစ်သျှူးငှက်ပျော ၇၇,၀၀၀ တန်၊ မေလမှာ ၃၁,၀၀၀ တန်ကျော်၊ ဇွန်လမှာ တန်ချိန် ၄,၀၀၀ တန် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ ဗန်းမော် စတဲ့ မြို့နယ်တွေ၊ ကချင်ပြည်နယ် နယ်စပ်ဒေသတွေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ စိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံသည် ယခင်ဘဏ္ဍာနှစ်က တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျော တန်ချိန် ၄၉၀,၀၀၀ တန်ကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117