Connect with us

China

ပန်ဒါကြီးမျိုး Tian Bao က ၂၀၂၂ ခုနှစ်တွင် ဘယ်လ်ဂျီယံတိရစ္ဆာန်ရုံ၌ ဆက်လက်နေထိုင်မည်

ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဇန်နဝါရီ Brugelette မြူနီစီပယ်ရှိ Pairi Daiza တိရစ္ဆာန်ရုံတွင် အစာစားနေသော ပန်ဒါကြီးမျိုး Tian Bao အား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

ဘယ်လ်ဂျီယမ်နိုင်ငံတွင် ၂၀၁၆ ခုနှစ်က မွေးဖွားခဲ့သော Tian Bao သည် ၂၀၂၂ ခုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ Pairi Daiza တိရစ္ဆာန်ရုံတွင် နေထိုင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် တိရစ္ဆာန်ရုံမှ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“Pairi Daiza သည် ဘယ်လ်ဂျီယမ်နိုင်ငံတွင်မွေးဖွားသည့် ပန်ဒါကြီးမျိုးဝင် မွေးချင်းထဲတွင် အကြီးဆုံးဖြစ်သည့် ပန်ဒါအား ၂၀၂၂ ခုနှစ် တွင် ဘယ်လ်ဂျီယမ်နိုင်ငံ၌ နေထိုင်ခွင့်ပြုရန် တရုတ်နိုင်ငံ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအသင်း (CWCA) နှင့် သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ကြောင်း’’ ထုတ်ပြန်ချက်

Tian Bao ကို တရုတ်နိုင်ငံသို့ သယ်ယူပို့ဆောင်ရေးအတွက် လိုအပ်သည့် အစီအစဉ်များကို နှစ်ဖက်စလုံးမှ ယခုနှစ်အတွင်း စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
Tian Bao ၏ မိဘများဖြစ်သော ပန်ဒါ Xing Hui နှင့် Hao Hao တို့ မှ ၂၀၁၉ ခုနှစ်တွင်မွေးဖွားခဲ့သော ပန်ဒါအမြွာ Bao Di နှင့် Bao Mei နှင့် တို့သည် ၎င်းတို့အတွက် အထူးတလည်ပြုလုပ်ထားသော နယ်မြေသစ်တွင် အတူတကွအခြေချနေထိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ပန်ဒါ Xing Hui နှင့် ပန်ဒါ Hao Hao တို့သည် တရုတ်နိုင်ငံမှ ငှားရမ်း၍ ၂၀၁၄ ခုနှစ်က ဘယ်လ်ဂျီယမ်နိုင်ငံ သို့ ရောက်ရှိလာခဲ့သည်။

ဘယ်လ်ဂျီယမ်နိုင်ငံတွင် ပန်ဒါများရှိနေခြင်းအတွက် သဘောတူညီချက်အရ ပန်ဒါကြီးမျိုးစိတ်များကို ပိုမိုကောင်းမွန်စွာကာကွယ်စောင့်ရှောက်ရန်အတွက် ၎င်းပန်ဒါစုံတွဲ၏ ကလေးများ အသက် ၄ နှစ်အရွယ်ရောက်ရှိပါက တရုတ်နိုင်ငံသို့ ပြန်ပို့ရမည်ဟု ဖော်ပြထားသည်။

တရုတ်နိုင်ငံသို့ Tian Baoအား ပြန်ပို့မည့်လုပ်ငန်းစဉ်သည် COVID-19 ကန့်သတ်ချက်များကြောင့် နှောင့်နှေးခဲ့သည်။ တစ်ချိန်တည်းမှာပင် Pairi Daiza တိရစ္ဆာန်ရုံတွင် ပန်ဒါကြီးမျိုးငါးကောင်ရှိပြီး တရုတ်နိုင်ငံပြင်ပရှိ ရှားပါးတိရစ္ဆာန်ရုံများအနက် တစ်ခုဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………

(English Versioon)
Giant Panda Tian Bao to remain in Belgian zoo in 2022
BRUSSELS, Feb. 3 (Xinhua) — Tian Bao, the very first giant panda born in 2016 in Belgium, will be able to stay at the Pairi Daiza zoo in Belgium in 2022, according to a press release published by the zoo on Thursday.
“Pairi Daiza has reached an agreement with the China Wildlife Conservation Association (CWCA) allowing the eldest of the giant pandas born in Belgium to stay in 2022 in the zoo, ” said the statement.
The two sides will also initiate the necessary arrangements for transporting Tian Bao to China this year, the statement continued.
Panda twins Bao Di and Bao Mei, born in 2019 to Hao Hao and Xing Hui, the parents of Tian Bao, will settle together in a new territory that will be expressly built for them.
Xing Hui and Hao Hao arrived in Belgium in 2014 on loan from China.
The convention that governs the presence of pandas in Belgium provides that all the couple’s children must be sent back to China at the age of four in order to better safeguard the species of giant pandas.
The process of returning Tian Bao to China has been delayed by the COVID-19 restrictions. Pairi Daiza has thus become one of the rare animal zoos outside of China that has five giant pandas at the same time. Enditem
Photo-Giant panda Tian Bao enjoys eating at the Pairi Daiza zoo in Brugelette, Belgium, Jan. 27, 2021. (Xinhua/Zhang Cheng)