Connect with us

Politics, Law & Military

၂၀ ကြိမ်မြောက် CPC အမျိုးသားကွန်ဂရက်ထံ ရွေးကောက်ခံကိုယ်စားလှယ်များ၏ အချက်အလက်များပေးအပ်

ပေကျင်း၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) အမျိုးသားကွန်ဂရက်အတွက် ကိုယ်စားလှယ် ၂,၂၉၆ ဦး စက်တင်ဘာ ၂၅ ရက်က ရွေးကောက်ခဲ့ပြီးနောက် ၎င်းတို့၏ အသေးစိတ်အချက်အလက်များကို အာဏာပိုင်များက ၂၀ ကြိမ်မြောက် CPC အမျိုးသားကွန်ဂရက်ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ ဆောင်ရွက်ခဲ့သော ကိုယ်စားလှယ်များ ရွေးကောက်ခြင်းလုပ်ငန်းကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကိုယ်စားလှယ်များအားလုံးမှာ ထူးချွန်သော CPC ပါတီဝင်များဖြစ်ကြကြောင်း CPC ဗဟိုကော်မတီ အဖွဲ့အစည်းရေးရာဌာနမှ တာဝန်ရှိသူက ဆိုသည်။

ကိုယ်စားလှယ်များအနက် ၇၇၁ ဦး သို့မဟုတ် စုစုပေါင်း ၃၃.၆ ရာခိုင်နှုန်းမှာ ရှေ့တန်းမှ ဆောင်ရွက်နေသူများဖြစ်ကြောင်း၊ ၎င်းတို့အနက် ၁၉၂ ဦးမှာ အလုပ်သမားများ သို့မဟုတ် ရွှေ့ပြောင်းလုပ်သားများ၊ ၈၅ ဦးမှာ လယ်သမားများဖြစ်ပြီး ၂၆၆ ဦးမှာ ပညာရှင်များနှင့် နည်းပညာရှင်များဖြစ်ကြောင်း သိရသည်။
ကိုယ်စားလှယ်များ၏ ပျမ်းမျှအသက်မှာ ၅၂.၂ နှစ်ဖြစ်ကြပြီး ၎င်းတို့အနက် ၅၉.၇ ရာခိုင်နှုန်းမှာ အသက် ၅၅ နှစ်အောက်ဖြစ်ကြောင်း သိရသည်။ (Xinhua) xhtxs.cn/z6T

…………………………………………

Authorities give more details on election of delegates to 20th CPC National Congress
BEIJING, Sept. 26 (Xinhua) — Authorities provided more details on the election of delegates to the 20th National Congress of the Communist Party of China (CPC) after it was announced on Sunday that all 2,296 delegates had been elected.
The electoral work, running from November 2021 through July 2022, has successfully concluded, said an official of the Organization Department of the CPC Central Committee, adding that all the delegates are outstanding CPC members.
The delegates are broadly representative. A total of 771 delegates, or 33.6 percent of the total, are from the frontline. Among them, 192 are workers or migrant workers, 85 are farmers, and 266 are professionals and technicians.
The average age of the delegates is 52.2, and about 59.7 percent of them are under 55.