International Organizations
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— ချန်ပီယံလိဂ်တွင် ရီးရဲလ်မက်ဒရစ်က အရေးကြီး အဝေးကွင်းပွဲစဥ်အဖြစ် အီတလီသို့ သွားရောက်
စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အနေဖြင့် အရေးပါသော ချန်ပီယံလိဂ်ပွဲစဥ်အဖြစ် အီတလီစီးရီးအေ အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှဦးဆောင်နေသည့် အတ္တလန်တာအသင်းအား အဝေးကွင်း၌ သွားရောက်ယှဥ်ပြိုင်ရန် အီတလီနိုင်ငံ ဘာဂါမိုမြို့သို့ ခရီးပြုလျက်ရှိပြီး ဥရောပပြိုင်ပွဲ၌ ရီးရဲလ်အသင်း၏ အနာဂတ်မှာ မရေမရာရှိနေသည်။
ရီးရဲလ်အသင်းမှာ အုပ်စုပွဲစဥ်ငါးပွဲ ယှဥ်ပြိုင်ပြီးချိန်တွင် အေစီမီလန်၊ လိုင်လီနှင့် လီဗာပူးလ်အသင်းတို့အား ရှုံးနိမ့်ခဲ့သဖြင့် လက်ရှိချန်ပီယံ ရီးရဲလ်အသင်းမှာ ၃၆ သင်း ပါဝင်သော အုပ်စု၌ အဆင့်-၂၄ တွင် ရပ်တည်လျက်ရှိကာ အတိမ်းအစောင်းမခံသော အခြေအနေ၌ ရှိနေသည်။
ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ထိပ်ဆုံး ၈ သင်းသာလျှင် ရှုံးထွက်အဆင့်သို့ တိုက်ရိုက်ဝင်ခွင့်ရမည်ဖြစ်ပြီး အဆင့်-၉ မှ အဆင့်-၂၄ အတွင်းဝင်သော အသင်းများမှာမူ လက်ကျန် ၈ နေရာအတွက် play-off ပွဲစဥ် ယှဥ်ပြိုင်ရမည်ဖြစ်သည်။
…..
— Milano Cortina 2026 ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ကျင်းပမည့် အချိန်ဇယား ထုတ်ပြန်
Milano Cortina 2026 (၂၀၂၆ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ) နှင့် ဆောင်းရာသီ မသန်စွမ်း အိုလံပစ်ပြိုင်ပွဲများ ကျင်းပမည့် တရားဝင် ပြိုင်ပွဲအချိန်ဇယားအား ဒီဇင်ဘာ ၉ ရက်၌ အွန်လိုင်းမှ ထုတ်ပြန်ခဲ့သည်။
စုစုပေါင်း အိုလံပစ်ရွှေတံဆိပ်ဆု ၁၁၆ ဆုအတွက် ယှဥ်ပြိုင်မှုများကို အီတလီနိုင်ငံရှိ ဒေသများတွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်မှ ၂၂ ရက်အထိ ပြုလုပ်မည်ဖြစ်ကာ အိုလံပစ်ရွှေတံဆိပ်ဆု ငါးဆုအတွက် ယှဥ်ပြိုင်မှုများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။ မသန်စွမ်း အိုလံပစ်ဆုတံဆိပ် ၇၉ ခုအတွက် ယှဥ်ပြိုင်မှုများကိုမူ ၂၀၂၆ ခုနှစ် မတ်လ ၆ ရက်မှ ၁၅ ရက်အထိ ပြုလုပ်မည်ဖြစ်ကာ ပြိုင်ပွဲဝင် ၆၀၀ ကျော် ပါဝင်မည်ဖြစ်သည်။
…..
— နိုင်ငံတကာမှ သတင်းသမားများက ဆောင်းရာသီ အာရှအားကစားပြိုင်ပွဲအပေါ် အကြီးအကျယ် မျှော်လင့်ထား
၉ ကြိမ်မြောက် ဆောင်းရာသီ အာရှအားကစားပြိုင်ပွဲအား တရုတ်နိုင်ငံ ဟားအယ်ပင်းမြို့၌ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ အမျိုးသား အိုလံပစ်ကော်မတီ ၃၄ ခုအထိ စံချိန်တင် ပါဝင်သွားမည်ဖြစ်သည်။
အာရှ-ပစိဖိတ်ဒေသမှ နိုင်ငံနှင့် ဒေသ ၁၀ ခုကျော်မှ မီဒီယာကိုယ်စားလှယ် ၂၀ ကျော်ကလည်း တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ နာမည်ကျော် ရေခဲမြို့တော်ဖြစ်သည့် ဟားအယ်ပင်းသို့ ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အထိ အလည်အပတ်လာရောက်ခဲ့သည်။ (Xinhua)
…………………….
(English Version)
Vital trip to Italy for Real Madrid
Real Madrid travels to the Italian city of Bergamo on Tuesday for a vital Champions League clash away to Serie A leaders Atalanta, with the club European future at stake.
Defeats to AC Milan, Lille and Liverpool in its first five group games have left the reigning European champion in 24th position in the 36-team group and in a very delicate situation.
Only the top-eight sides qualify directly for the knockout stages of the tournament, with the teams finishing between ninth and 24th after the eight group games, forced into a play-off for the last eight places.
…..
Milano Cortina 2026 calendar revealed online
Milano Cortina 2026 revealed Monday the official competition calendar for the 2026 Olympic and Paralympic Winter Games online.
A total of 116 Olympic gold medals are at stake from Feb. 6-22, 2026, across several regions in Italy. Five Olympic gold medals will be up for grabs on Feb. 7, 2026. More than 600 athletes will compete for 79 Paralympic titles from March 6-15, 2026.
…..
International journalists express high expectations for Asian Winter Games
The 9th Asian Winter Games will be held from Feb. 7 to 14, 2025, featuring a record 34 National Olympic Committees set to participate.
From Dec. 5 to 7, more than 20 media representatives from over 10 Asia-Pacific countries and regions toured Harbin – the famed “Ice City” in northeast China.