Connect with us

Politics, Law & Military

ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် အမေရိကန် စီးပွားရေးဝန်ကြီး တရုတ်နိုင်ငံသို့ လာရောက်မည်

အမေရိကန်နိုင်ငံ စီးပွားရေးဝန်ကြီး ဝယ်လ်ဘာရို့စ် (Wilbur Ross) အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ စီးပွားရေးဝန်ကြီး ဝယ်လ်ဘာရို့စ် (Wilbur Ross) ဦးဆောင်သော အမေရိကန်ကိုယ်စားလှယ်အဖွဲ့ သည် တရုတ်နိုင်ငံသို့ ဇွန်လ ၂ရက်မှ ၄ရက်အထိ လာရောက်ကာ စီးပွားရေး နှင့် ကုန်သွယ်ရေး အရေးကိစ္စများအတွက် တရုတ်နိုင်ငံ နှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် လျိုဟဲ နှင့် ဝယ်လ်ဘာရို့စ် တို့သည် မေ ၂၅ ရက်တွင် တယ်လီဖုန်းပြောကြားမှုတစ်ခု၌ ယင်းတွေ့ဆုံမှုအား အတည်ပြုခဲ့ခြင်းဖြစ်သည်။လျိုသည် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် နှင့် တရုတ်နိုင်ငံ ဆိုင်ရာ တရုတ်-အမေရိကန် ပြီးပြည့်စုံသော စီးပွားရေး ဆွေးနွေးမှုစကားဝိုင်း၏ အကြီးအကဲဖြစ်ကြောင်း သိရသည်။ (Xinhua)