Connect with us

Politics, Law & Military

နိုင်ငံတော်၏ ဦးဆောင်မှုဖြင့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်သွားမည်

IDP စခန်းများ ပိတ်သိမ်းနိုင်ရန် မဟာဗျူဟာ စီမံချက် ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်ထားရသည့် IDP စခန်းများ ပိတ်သိမ်းနိုင်ရန် မဟာဗျူဟာ စီမံချက် ရေးဆွဲ နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော်၏ ဦးဆောင်မှုဖြင့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လူမှု ဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ထည့်သွင်း ပြောကြားခဲ့သည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထို့အတူ နိုင်ငံတကာမှ လက်ခံနိုင်သည့် မဟာဗျူဟာစီမံချက် ဖြစ်စေရန် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း နေပြည်တော်၌ မေ ၂ ရက်တွင် ပြုလုပ်သည့် ထိုအလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်နယ်(၄)ခုရှိ မြို့နယ်(၁၅)ခုတွင် IDP စခန်းပေါင်း (၁၄၀) ကျော်ရှိပြီး လူဦးရေ (၁၆၀၀၀၀) ကျော် ရှိကြောင်း သိရသည်။

ထို့အတူ မည်သည့်မူဝါဒ၊ မည်ကဲ့သို့ အစီအစဉ်ဖြင့် ပိတ်သိမ်းမည်ဆိုသည်မှာ အရေးကြီးကြောင်း၊ လုပ်ထုံး လုပ်နည်း များ ချမှတ်ရမည် ဖြစ်ပါကြောင်း၊ ထိုသု့ိစခန်းများ ပိတ်သိမ်းရာတွင် နိုင်ငံတကာနှင့် ပူးပေါင်း၍ နိုင်ငံ တကာ စံချိန်စံညွှန်းနှင့် အညီဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အစိုးသစ်လက်ထက် ၂၀၁၆ ခုနှစ်၊ မေလမှစ၍ အဆိုပါ IDP စခန်းများ ပိတ်သိမ်းနိုင်ရေး ဆောင်ရွက် ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ထည့်သွင်း ပြောကြားခဲ့သည်။

IDP စခန်းများ ပိတ်သိမ်းရာတွင် ဥပဒေအရ လွတ်လပ်စွာ သွားလာခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်း လက်လှမ်းမီစေခြင်း စသည့် အခွင့်အရေးများ ရရှိအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက IDP စခန်းများ ပိတ်သိမ်းခြင်းသည် အပြုသဘော ဆောင် သည့် ဆောင်ရွက်ချက် ဖြစ်ပြီး ဒုက္ခသည်များ လူမှုသဟဇာတ မဖြစ်၍ ပဋိပက္ခများ ဖြစ်ပေါ်ခြင်းကြောင့် လည်းကောင်း ၊ ပြည်တွင်းငြိမ်းချမ်းရေး မရ၍ တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် လည်းကောင်း ၊ ဒုက္ခသည်များ နေထိုင်ရာ IDP စခန်းများ ပေါ်ပေါက်လာကြောင်း ၊ ထို့ပြင် သဘာ၀ ဘေးအန္တရာယ်ကြောင့် ယာယီ IDP စခန်းများ ဖြစ်ပေါ်လာတတ်ကြောင်း ၊ IDP စခန်းများ ရေရှည်တည်တံ့ခြင်းသည် မလိုလား အပ်သဖြင့် ပိတ်သိမ်းရန် အစီအစဉ် ရေးဆွဲခြင်း ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

IDP စခန်းများတွင် နေထိုင်ရသည့်အတွက် မူလ အလုပ်အကိုင် ပျက်ပြားခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း ၊ ကလေးသူငယ်များ၏ ပုံမှန်ဖွံဖြိုး တိုးတက်ရေးအတွက် အခွင့်အရေး ဆုံးရှုံးရခြင်း၊ ပညာရေး၊ ကျန်းမာရေး လက်လှမ်း မမီခြင်း၊ လူငယ်များ အနေဖြင့်လည်း တိုးတက်မှုနှင့် ပါဝင်ဆောင်ရွက်ခွင့် ဆုံးရှုံးရခြင်း၊ အမျိုးသမီးများ၏ ရပ်တည်မှု၊ ဖွံ့ဖြိုးမှုထိခိုက်ပြီး အကြမ်းဖက်ခံရမှု၊ လူကုန်ကူးမှုများ ဖြစ်နိုင်ခြေရှိခြင်း ၊ ထိခိုက် လွယ်သည့် အုပ်စုများဖြစ်သော သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ မသန်စွမ်းများနှင့် ကိုယ်ဝန်ဆောင် များကို အဓိက ထိခိုက်မှုရှိကြောင်း၊ လူမှုပဋိပက္ခ များကြောင့် ဒုက္ခသည်စခန်းတွင် နေထိုင်ကြသူများတွင် နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားရကြောင်း၊ ဥပဒေအရ ရရှိသင့်သည့် အခွင့်အရေးများ ဆုံးရှုံးမှုများ ရှိကြောင်း၊ IDP စခန်း များတွင် နေထိုင်ခြင်းကြောင့် အထောက်အပံ့ ပံ့ပိုးကူညီမှုများကို မှီခိုနေထိုင်၍ လုပ်ရည်ကိုင်ရည်များ လျော့ကျလာကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ထည့်သွင်း ပြောကြားခဲ့သည်။

ထိုဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကုလသမဂ္ဂ အဖွဲ့ အစည်း များမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.