Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၏ ပါတီစုံစနစ် နှင့် ဒီမိုကရေစီ ဆိုင်ရာ အဖွဲ့အစည်းများ ၊ ဒီမိုကရေစီ လုပ်ငန်းစဉ်များ အားပေးရန် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် DIPD တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ပါတီစုံစနစ် နှင့် ဒီမိုကရေစီ ဆိုင်ရာ အဖွဲ့အစည်းများ ၊ ဒီမိုကရေစီ လုပ်ငန်းစဉ်များကို အားပေးရန် အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် Danish Institute for Parties and Democracy (DIPD) တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ထိုနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဇွန် ၄ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကျင်းပခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် DIPD နှင့် ယခင်က ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်လောင်းများအား သင်တန်းများပို့ချခြင်း၊ ဒိန်းမတ်နိုင်ငံ၏ မြူနီစီပယ် ရွေးကောက်ပွဲ လေ့လာနိုင်ရန် စီစဉ်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအား နိုင်ငံတကာ စံနှုန်းနှင့် အညီဖြစ်စေရန် ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့သည်။

DIPD အဖွဲ့၏ Chairperson of Board of Director Mr. Henrik Bach Mortensen က DIPD အဖွဲ့သည် ဒိန်းမတ်နိုင်ငံရှိ နိုင်ငံရေး ပါတီများက ပူးပေါင်းကူညီ ပံ့ပိုးပေးသည့် အဖွဲ့အစည်း ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ စနစ် လျှောက်လှမ်း ရာတွင် နိုင်ငံရေးပါတီများ၏ ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်မြှင့်တင်ရေးနှင့် နိုင်ငံရေးတွင် လူငယ်များ ၊ အမျိုးသမီးများ ပိုမိုပါဝင် လာစေရေးအတွက် ပံ့ပိုးကူညီဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုနားလည်မှုစာချွန်လွှာအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးနှင့် DIPD အဖွဲ့မှ Director Mr. Rasmus Helveg Petersen တို့က လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.