Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံဘုရင် ပုံမှန်ဆေးစစ်မှုခံယူရန် တရုတ်နိုင်ငံသို့ထွက်ခွာ

ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် နိုရိုဒွန်သီဟာမိုနီ နှင့် မယ်တော် နိုရိုဒွန်မိုနီနိုတ် တို့ အားတွေ့ ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင် ၊ စက်တင်ဘာ ၁ဝ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံဘုရင် နိုရိုဒွန်သီဟာမိုနီသည် ၎င်း၏ မယ်တော်ဖြစ်သူ မိဖုရားဟောင်း နိုရိုဒွန်မိုနီနိတ်(Norodom Monineath) လိုက်ပါလျက် ပုံမှန်ဆေးစစ်မှုခံယူရန် ယနေ့စက်တင်ဘာ ၁ဝ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ထွက်ခွာသွားကြောင်း သိရသည်။

တော်ဝင်မိသားစုအား ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန် နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Xiong Bo အပါအဝင် အခြား အဆင့်မြင့် အရာရှိကြီးများ က ဖနွမ်းပင်နိုင်ငံတကာလေဆိပ်သို့လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

တော်ဝင်မိသားစုမှ ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် သက်တော် ၆၅ နှစ်အရွယ်ရှိ ဘုရင် သီဟာမိုနီသည် ဆေးစစ်ရန် နှင့် ဆေးကုသမှုခံယူရန် အတွက် တရုတ်နိုင်ငံ ပေကျင်းမြို့သို့သွားရောက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

“ ဘုရင်မင်းကြီး နိုင်ငံအတွင်းမရှိချိန်မှာ တိုင်းပြည်ဥသျှောင်ရာထူးကို လွှတ်တော်ဥက္ကဋ္ဌ Samdech Say Chhum က ယာယီ တာဝန်ယူထမ်းဆောင်သွားမှာဖြစ်ပါတယ်” ဟု ဆိုသည်။

ဘုရင်ကြီးသည် တစ်နှစ်လျှင် နှစ်ကြိမ် ပေကျင်းမြို့သို့သွားရောက်၍ ဆေးစစ်မှုပြုလုပ်လျက်ရှိကြောင်း ၊ ၎င်း၏ နောက်ဆုံး ဆေးစစ်မှု နှင့် ဆေးကုသမှုမှာ ပြီးခဲ့သော ဖေဖော်ဝါရီလ တွင်ဖြစ်ကြောင်း သိရသည်။(Xinhua)