Connect with us

Asia

စင်ကာပူသမ္မတ လာအိုနိုင်ငံသို့ တရားဝင် အလည်အပတ်ခရီးသွားရောက်

စင်ကာပူသမ္မတ တိုနီတန် ကန်ယမ် နှင့် လာအိုနိုင်ငံ သမ္မတ ဘွန်ညံ ဗိုရာချစ် အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဗီယင်ကျန်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

စင်ကာပူသမ္မတ တိုနီတန် ကန်ယမ်သည် လာအိုနိုင်ငံ သမ္မတ ဘွန်ညံ ဗိုရာချစ် ၏ ဖိတ်ကြားချက်အရ ဇန်နဝါရီ ၁၁ရက် တွင် လာအိုနိုင်ငံသို့ တရားဝင် အလည်အပတ်ခရီးရောက်ရှိလာကြောင်း သိရသည်။

စင်ကာပူနိုင်ငံ သမ္မတ သည် လာအိုနိုင်ငံတွင် ဇန်နဝါရီ ၁၄ရက်အထိ နေထိုင်သွားရန် စီစဉ်ထားပြီး ခရီးစဉ်၏ ရည်ရွယ်ချက်မှာ စင်ကာပူနိုင်ငံ နှင့် လာအိုနိုင်ငံ အကြား ချစ်ကြည်ရေး နှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မြဲလာရန် ဖြစ်ကြောင်း လာအိုနိုင်ငံပိုင် KPL သတင်းဋ္ဌာန က ဖော်ပြခဲ့သည်။

အလည်အပတ်ရောက်ရှိလာသော စင်ကာပူနိုင်ငံ သမ္မတ သည် ဇန်နဝါရီ ၁၂ ရက်တွင် ဗီယင်ကျန်းမြို့ရှိ သမ္မတနန်းတော်၌ လာအိုသမ္မတ ဘွန်ညံ ဗိုရာချစ် နှင့် တွေ့ဆုံသွားမည်ဖြစ်သည်။

ထို့အပြင် စင်ကာပူနိုင်ငံ သမ္မတ သည် ဆေးပညာသိပ္ပံတက္ကသိုလ် နှင့် လာအိုနိုင်ငံ မြောက်ပိုင်း Luang Prabang ပြည်နယ် သို့ သွားရောက်လည်ပတ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

လာအိုနိုင်ငံ နှင့် စင်ကာပူနိုင်ငံ တို့သည် ၁၉၇၄ခုနှစ်မှစ၍ သံတမန်ဆက်ဆံရေး တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.