Connect with us

Asia

ပါကစ္စတန်အလယ်ပိုင်းတွင် ရထားနှစ်စင်းတိုက်မိ၍ ၆ဦးသေ၊ ၁၅၀ဦးဒဏ်ရာရရှိ

ပါကစ္စတန်အလယ်ပိုင်းတွင် တိုက်မိခဲ့သည့် ရထားနှစ်စင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အလယ်ပိုင်း Multan ခရိုင် တွင် စက်တင်ဘာလ ၁၅ရက် နံနက်ပိုင်းက ခရီးသည်တင်ရထားတစ်စီး နှင့် ကုန်တင်ရထားတစ်စီး တိုက်မိခဲ့ရာ အနည်းဆုံး လူခြောက်ဦးသေဆုံးပြီး လူ ၁၅၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများကပြောကြားခဲ့သည်။

မြို့နယ်ရဲအရာရှိ Muhammad Rizwan က ဒဏ်ရာရရှိသူ များအနက် အချို့မှာ ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးသူဦးရေသည် ၁၅ဦးအထိ မြင့်တက်လာနိုင်ကြောင်း နှင့် ခရီးသည်တင်ရထား၏ အင်ဂျင်စက်ခန်းနှင့် တွဲလေးတွဲမှာ လမ်းချော်ခဲ့ကြောင်း သိရသည်။
ခရီးသည်တင်ရထား သည် နိုင်ငံအနောက်မြောက်ဘက် ပက်ရှ်ဝါမြို့မှ တောင်ဘက် ကရာချိဆိပ်ကမ်းမြို့သို့ သွားနေစဉ် Multan ခရိုင် ရှိ Bucch ဘူတာရုံ မှ ထွက်ခွာပြီး ၁၅မိနစ်အကြာတွင် ကုန်တင်ရထားနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယကော်မရှင်နာမင်းကြီး Multan Nadir Chattha က ကုန်တင်ရထား သည် ကိုယ့်ကိုကိုယ် သတ်သေရန် ကြံစည်နေသည့် အမျိုးသားတစ်ဦးအား တက်ကြိတ်ပြီးနောက် ရပ်တန့်ခဲ့ရာ တူညီသော ဦးတည်ချက်မှ မောင်းနှင်လာသည့် ခရီးသည်တင်ရထားနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒဏ်ရာရရှိသူများအား မြို့အတွင်းရှိ ဆေးရုံများသို့ ကယ်ဆယ်ရေးအဖွဲ့များက ပို့ဆောင်ပေးခဲ့ပြီး တစ်ချိန်တည်းမှာပင် ရထားလမ်းအာဏာပိုင်များက အသက်ရှင်ကျန်ရစ်သူများ လိုရာခရီးဖြစ်သည့် Karachi သို့ ဆက်လက်သွားရာက်နိုင်ရန် အခြား ရထားတစ်စီးဖြင့် ပြောင်းလဲစီစဉ်ပေးခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရေးအဖွဲ့က ခရီးသည်တင်ရထား၏ အောက်တွင် ပိတ်မိနေသည့် လူတစ်ချို့ကျန်ရှိနေသေး၍ သေဆုံးသူများပြားလာနိုင်ကြောင်း ပြောကြားခဲ့သည်။
Punjab ပြည်နယ် ဝန်ကြီးချုပ် Shahbaz Sharif က မတော်တဆဖြစ်ရပ်အတွက် ဝမ်းနည်းပါကြောင်း နှင့် ဒဏ်ရာရရှိသူများအား အကောင်းဆုံး ဆေးကုသမှုများ ဆောင်ရွက်ပေးသွားရန် ဆေးရုံအာဏာပိုင်များကို ညွှန်ကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.