Connect with us

Asia

ဂျပန်နိုင်ငံ၏ အကြီးဆုံးအတိုက်အခံပါတီက အမျိုးသမီးခေါင်းဆောင်တစ်ဦးကို ပထမဆုံးအကြိမ် ရွေးကောက်တင်မြှောက်

ဂျပန်နိုင်ငံအတိုက်အခံပါတီ ခေါင်းဆောင် Renho အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တိုကျို ၊ စက်တင်ဘာလ ၁၅ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ၏ အဓိက အတိုက်အခံပါတီ(ဒီမိုကရက်တစ်ပါတီ)သည် စက်တင်ဘာလ ၁၅ ရက်က အသက် ၄၈ နှစ်အရွယ်ရှိ အမျိုးသမီးခေါင်းဆောင်တစ်ဦးကို ပထမဆုံးအကြိမ်ရွေးကောက်တင်မြှောက်လိုက်ကြောင်း သိရသည်။

ယခင်က ရုပ်မြင်သံကြား သတင်းတင်ဆက်သူတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သည့် Renho သည် ဂျပန်ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်ရွေးချယ်ပွဲတွင် ထောက်ခံမဲအများဆုံး ရရှိခဲ့သည်။
စက်တင်ဘာလ ၁၅ ရက်က ပြုလုပ်သော ဒီမိုကရက်တစ်ပါတီ(DP)၏ ဥက္ကဋ္ဌ ရွေးချယ်ပွဲတွင် ဒိုင်ယက်လွှတ်တော်အမတ်များ နှင့် ပါတီတွင်းမဲပေးခွင့်ရှိသူကိုယ်စားလှယ်များ၏ စုစုပေါင်းမဲအရေအတွက် ၈၄၉ မဲ အနက် Renho က ၅ဝ၃ မဲ ရရှိခဲ့ကြောင်း သိရသည်။Renho ၏ အဓိကပြိုင်ဖက်နှစ်ဦးဖြစ်သည့် ယခင်နိုင်ငံခြားရေးဝန်ကြီးဟောင်း Seiji Maehara နှင့် အောက်လွှတ်တော်အမတ် Yuichiro Tamaki တို့နှစ်ဦးသည် ၂၃ဝ မဲ နှင့် ၁၁၆ မဲ ဖြင့် အသီးသီးရပ်တည်ခဲ့ကြောင်း သိရသည်။
Renho သည် ယခင်က မော်ဒယ် နှင့် ရုပ်မြင်သံကြားသတင်းတင်ဆက်သူတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး ၂ဝဝ၄ ခုနှစ်မှ စတင်ကာ တိုကျိုမဲဆန္ဒနယ်၏ အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံထားရသူတစ်ဦးဖြစ်သည်။၎င်းသည် ဂျပန်နိုင်ငံ၌ DPJ ပါတီအာဏာရခဲ့သော ၂ဝဝ၉ ခုနှစ် မှ ၂ဝ၁၂ ခုနှစ်အတွင်း တခါတရံ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးအဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။
Ishin no To ပါတီ နှင့် ဂျပန်ဒီမိုကရက်တစ်ပါတီ ( DPJ) တို့ပူးပေါင်းပြီး ၂ဝ၁၆ ခုနှစ် မတ်လတွင် ဒီမိုကရက်တစ်ပါတီကို စတင်ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ပါတီခေါင်းဆောင်သစ်သည် ၂ဝ၁၉ ခုနှစ် စက်တင်ဘာလအထိ ပါတီကို ဦးဆောင်ခွင့်ရမည်ဖြစ်ပြီး ၂ဝဝ၉ ခုနှစ် မှ ၂ဝ၁၂ ခုနှစ်အထိ အာဏာရခဲ့သော ယခင် DPJ ပါတီကို ဆက်ခံသည့် ဒီမိုကရက်တစ်ပါတီအနေဖြင့် မဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ရရှိအောင် လုပ်ငန်းစဉ်အသစ်များကို ကြိုးပမ်း လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.