Connect with us

Asia

ဘင်္ဂလားဒေ့ရှ်တွင် ရှိ ကျောင်းသားဦးရေ လေးသန်း ဖတ်စာအုပ်အသစ်များ အခမဲ့ရရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပညာရေးဝန်ကြီး Nurul Islam Nahidအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒါကာ၊ ဇန်နဝါရီ ၂ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိ မူလတန်း နှင့် အလယ်တန်း ကျောင်းသား၊ကျောင်းသူ လေးသန်းကျော်အား နှစ်တိုင်း၏ ထုံးတမ်းစဉ်လာတစ်ခုဖြစ်သော ကျောင်းသုံးဖတ်စာအုပ်အသစ်များ အခမဲ့ပေးဝေခြင်းကို ၂၀၁၇ခုနှစ်၏ ပထမရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပညာရေးဝန်ကြီး Nurul Islam Nahid က ကျောင်းသားများအား ဖတ်စာအုပ်များ အခမဲ့ပေးဝေခြင်းအခမ်းအနားကို ဒါကာမြို့ရှိ ကျောင်းတစ်ကျောင်းတွင် ဇန်နဝါရီ ၁ရက် က စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအနေဖြင့် ကမ္ဘာ့အဆင့်မီ ပညာရေးစနစ်ရရှိစေရမည်ဟုသော ကတိကဝတ်အရ နှစ်စဉ် နှစ်တိုင်း ကျောင်းသားများအား ယခုကဲ့သို့ ဖတ်စာအုပ်များ အခမဲ့မျှဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

Nahid က ယခုလိုပြုလုပ်ခြင်းသည် စိန်ခေါ်မှုများရှိသည့် ဆောင်ရွက်ရမှုတစ်ခုဖြစ်သော်လည်း အားလုံး၏ ပညာရေးစနစ်ကောင်းမွန်ရေးအတွက် အခြားရွေးချယ်စရာမရှိကြောင်း ပြောကြားခဲ့သည်။

၎င်းက ဆရာ၊ဆရာမများ နှင့် အုပ်ထိန်းသူများအနေဖြင့် ကလေးငယ်များအား ကမ္ဘာပေါ်တွင် မျိုးချစ်စိတ်ရှိပြီး ရိုးသားမှုရှိကာ စည်းကမ်းလေးစားသည့် မျိုးဆက်သစ်များ ဖြစ်လာစေရန် အကောင်းဆုံးထိန်းကျောင်း ပုံသွင်းပေးရမည်ဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.