Connect with us

Asia

သမ္မတ ပက်ဂွမ်ဟေး လူယုံတော် Choi Soon-sil ၏ သမီးအား ဒိန်းမတ်ရဲတပ်ဖွဲ့ဖမ်းဆီး

တောင်ကိုးရီးယားသမ္မတ ပက်ဂွမ်ဟေး လူယုံတော် Choi Soon-sil ၏ သမီးအား ဒိန်းမတ်ရဲအရာရှိများက ဖမ်းဆီးလာစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

တောင်ကိုးရီးယားနိုင်ငံသမ္မတ ပက်ဂွမ်ဟေး၏ ကာလရှည် ခင်မင်ယုံကြည်ခဲ့ရသူ Choi Soon-sil ၏ သမီးဖြစ်သူကို ဒိန်းမတ်နိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ကြောင်း လွတ်လပ်သောအကြံပေးအဖွဲ့က ဇန်နဝါရီလ ၁ ရက်တွင် ပြောကြားလိုက်သည်။

တောင်ကိုးရီးယားအစိုးရ နှင့် ဒိန်းမတ်နိုင်ငံအစိုးရတို့ပူးပေါင်း၍ အသက် ၂၁ နှစ်အရွယ်ရှိ Chung Yoo-ra ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း နှင့် ၎င်းအား တောင်ကိုးရီးယားနိုင်ငံသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်း ပေးအပ်သွားဖွယ် ရှိကြောင်း အကြံပေးအဖွဲ့ခေါင်းဆောင် တောင်ကိုးရီးယားနိုင်ငံရှေ့နေချုပ် Park Young-soo ကပြောသည်။

Chung သည် တောင်ကိုးရီးယားသမ္မတလူယုံတော် Choi ၏ သမီးဖြစ်ကြောင်း ၊ သမ္မတပက်ဂွမ်ဟေး၏ စီးပွားရေးလုပ်ငန်းရှင်ကြီးများထံမှ ရယူထားသော ရံပုံငွေကို သမ္မတ၏ ခင်မင်ရင်းနှီးသူတစ်ဦးအဖြစ် Choi က ထုတ်ယူသုံးစွဲခဲ့ပြီး ၎င်းသည် အစိုးရရာထူးတာဝန်မရှိသလို လုံခြုံရေးအရ နောက်ကြောင်း ရှင်းလင်းထားခြင်းမရှိဘဲ တိုင်းပြည်အရေးကိစ္စများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရသည်။

အသက် ၂၁ နှစ်အရွယ်ရှိ Chung သည် ဒိန်းမတ်နိုင်ငံတွင် တရားဝင်နေထိုင်ခွင့်မရှိဘဲ ဝင်ရောက်နေထိုင်မှုဖြင့် ဇန်နဝါရီလ ၁ ရက် (ဒိန်းမတ်စံတော်ချိန်) တွင် ဖမ်းဆီးခံရကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။ တောင်ကိုးရီးယားနိုင်ငံ၏ လွတ်လပ်သောအကြံပေးအဖွဲ့က အနီရောင်သတိပေးမှုဖြင့် Chung အားပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုထားပြီး၊ အဆိုပါ တောင်းဆိုမှုအပေါ် နိုင်ငံတကာရဲတပ်ဖွဲ့က တုံ့ပြန်ချက်တစ်စုံတစ်ရာ ပေးခဲ့ခြင်းမရှိကြောင်း သိရသည်။

Chung သည် ဒိန်းမတ်နိုင်ငံရှိ ဂုဏ်သိက္ခာကြီးမားသော တက္ကသိုလ်တစ်ခုသို့ တရားမဝင် အခွင့်ထူးခံပုံစံဖြင့် ဝင်ရောက်ခွင့်ရရန် အခွင့်အရေးများ ရယူခဲ့ကြောင်း စွပ်စွဲခံထားရသည်။ ၎င်းသည် Ewha အမျိုးသမီးများတက္ကသိုလ်သို့ ဝင်ခွင့်ရရှိခဲ့ပြီးနောက်တွင်လည်း ၎င်းမိခင်၏ အရှိန်အဝါဖြင့် တက္ကသိုလ်ပါမောက္ခများအပေါ်တွင် သြဇာလွှမ်းမိုးရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲခံထားရသည်။

Chung အဖမ်းခံရချိန်တွင် ၂ဝ၁၅ ခုနှစ်က မွေးဖွားခဲ့သော ၎င်း၏ ရင်သွေးငယ်နှင့်အတူ အသက် ၂ဝ ကျော် ၃ဝ နီးပါး အရွယ် နှင့် ၃ဝ နှစ်ကျော်ကာစ အရွယ် အမျိုးသား နှစ်ဦးလည်း အတူတကွ ရှိနေကြောင်း သိရသည်။

Choi ၏ သမီးဖြစ်သူ Chung အဖမ်းခံရမှုတွင် တောင်ကိုးရီးယားသမ္မတအား စွပ်စွဲပြစ်တင်ပြုလုပ်ရသည် အထိ ဖြစ်ပေါ်ခဲ့ရသော စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားသူ Choi အား တောင်ကိုးရီးယားသတင်းမီဒီယာများက ပို၍မီးမောင်းထိုး ထောက်ပြစရာဖြစ်ခဲ့ရသလို ၎င်း၏ ကျူးလွန်ထားသော အမှားအယွင်းများကို ဖွင့်ဟဝန်ခံရန် ဖြစ်လာနိုင်ကြောင်း သိရသည်။(XINHUA)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.