Connect with us

Videos

ကြွက်သားနာကျင်မှုကြောင့် ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဒင်းဟွေဆန် စပိန်အသင်းလူစာရင်းမှ နုတ်ထွက်

မက်ဒရစ်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဒင်းဟွေဆန်မှာ ကြွက်သားနာကျင်ကိုက်ခဲမှုကြောင့် စပိန်အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့သည့်အတွက် နိုဝင်ဘာ ၁၈ ရက်တွင် တူကီယဲအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) က နိုဝင်ဘာ ၁၆ ရက်၌ ကြေညာခဲ့သည်။ဟွေဆန်မှာ ယင်းဒဏ်ရာကြောင့် စပိန်က ဂျော်ဂျီယာကို အဝေးကွင်းတွင် ၄ ဂိုးပြတ် အနိုင်ရခဲ့သည့် ပွဲစဉ်၌လည်း ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပေ။ အဆိုပါ အနိုင်ရလဒ်ကြောင့် လက်ရှိဥရောပချန်ပီယံ စပိန်အသင်းမှာ အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည့် လာမည့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့်ရရှိရန် သေချာသလောက်နီးပါး ရှိနေပြီဖြစ်သည်။
“ဒင်းဟွေဆန်ဟာ ကြွက်သားနာကျင်ကိုက်ခဲမှုကြောင့် ဂျော်ဂျီယာအသင်းနှင့် ပွဲစဉ်မှာ ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိသလို တူကီယဲအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်အတွက်လည်း အသင်းလူစာရင်းကနေ နုတ်ထွက်သွားပါပြီ။ ဒီအခြေအနေနဲ့ပတ်သက်ပြီး သူ့ရဲ့ကလပ်အသင်းကို အကြောင်းကြားပြီးပါပြီ” ဟု RFEF ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းပဲ ကစားသမားရဲ့ ကျန်းမာရေးနဲ့ အဆင်ပြေမှုကို ဦးစားပေးတဲ့အနေနဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်က သူ့ကို အနားယူခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု RFEF က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)
……………
Real Madrid defender Huijsen withdraws from Spain squad
MADRID, Nov. 16 (Xinhua) — Real Madrid defender Dean Huijsen has been released from the Spain squad and will miss Tuesday’s World Cup qualifying game against Türkiye due to muscle discomfort, the Spanish Football Federation (RFEF) announced on Sunday.
The injury had already sidelined Huijsen from Spain’s 4-0 win away to Georgia on Saturday, which all but assured the reigning European champions of direct qualification for next year’s World Cup in the United States, Mexico and Canada.
“Dean Huijsen has been withdrawn from the squad for Spain’s final 2026 World Cup qualifier against Türkiye due to muscle discomfort that also prevented him from playing against Georgia, a situation his club has been kept informed of.”
“As is customary, and prioritizing the player’s health and well-being, the Spanish Football Federation has decided to release him from the squad,” the RFEF said in a statement.
English Caption 1
Dean Huijsen (front L) of Real Madrid vies with Eric Garcia of Barcelona during the La Liga football match between Real Madrid and FC Barcelona at Santiago Bernabeu Stadium in Madrid, Spain, on Oct. 26, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 2
Dean Huijsen of Real Madrid is interviewed during a training session in Florida on June 17, 2025, ahead of the Club World Cup 2025 football match between Spain’s Real Madrid and Saudi Arabia’s Al Hilal. (Xinhua/Huang Zongzhi)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.