Connect with us

China

တရုတ်နိုင်ငံ ရွှီးရည်ခရိုင်တွင် ကျောက်ပုစွန်ဖြင့် လုပ်ငန်းကြီးဖြစ်အောင် လုပ်ဆောင်ခြင်း

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ရွှီးရည်ခရိုင်တွင် စားဖိုမှူးက လတ်လတ်ဆတ်ဆတ် ပြင်ဆင်ထားသော ကျောက်ပုစွန်လေးများအား ပြသနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟွိုင်အန်း (ကျန်းဆူး)၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ရွှီးရည်ခရိုင်တွင် ကျောက်ပုစွန်လေးဖြင့် ဧရာမကြီးမားသော ကုန်ထုတ်လုပ်ငန်းအုပ်စုကြီးကို ကျားကန်ပေးထားသည်။ တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ရွှီးရည်ခရိုင် မာပါ့မြို့နယ်ရှိ ကျန်းဆူးပြည်နယ် ခေတ်မီစိုက်ပျိုးရေး (ရွှီးရည်ကျောက်ပုစွန်) လုပ်ငန်းကွင်းဆက်တစ်ခုလုံး စံချိန်မီစံပြစခန်းသည် တရုတ်မူ (Mu) ၁,၂၀၀ ရှိပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ယွမ် ၁၈ သန်း ရှိသည်။

၎င်းသည် လမ်းဟောင်းပေါ်ရှိ စပါးနှင့်ပုစွန် ပူးတွဲမွေးမြူရေးစခန်းကို နိုင်ငံထိပ်တန်း ပုစွန်သားလောင်း ပျိုးထောင်ရေးစင်တာ၊ စပါးနှင့်ပုစွန် အထွေထွေစိုက်ပျိုးမွေးမြူရေ စံချိန်မီ စံပြစခန်း၊ ဒစ်ဂျစ်တယ်စိုက်ပျိုးရေးနှင့် ရေချွေတာရေး ရေသွင်းမှုစခန်းအဖြစ် ဖန်တီးတည်ဆောက်လိုက်ရာ နိုင်ငံတစ်ဝန်း စပါးနှင့် ငါးလုပ်ငန်း အထွေထွေစိုက်ပျိုးမွေးမြူရေးလုပ်ငန်း အဆင့်မြင့်တက်မှုကို ဦးဆောင်ခဲ့သည်။
သေးငယ်လှသော ကျောက်ပုစွန်လေးဖြင့် သားလောင်းပျိုးထောင်ခြင်း၊ မွေးမြူခြင်း၊ ကုန်ချောထုတ်လုပ်ခြင်း၊ စားသောက်ကုန်လုပ်ငန်း၊ ယဉ်ကျေးမှုခရီးသွားလာရေး ဟူသည့် ပြည့်စုံသောကွင်းဆက်ကို ချိတ်ဆက်ပေးလိုက်ရာ ခရိုင်တစ်ခုလုံးတွင် လူဦးရေ ၆၀ ရာခိုင်နှုန်းနီးပါးမှာ ကျောက်ပုစွန်နှင့်သက်ဆိုင်သော လုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည်။
၂၀၂၅ ခုနှစ်တွင် ရွှီးရည်ခရိုင် ကျောက်ပုစွန်မွေးမြူရေး စုစုပေါင်းဧရိယာသည် တရုတ်မူ (Mu) ၁ သန်းရှိပြီး တစ်နှစ်လျှင် အထွက်နှုန်းမှာ တန်ချိန် ၁၅၀,၀၀၀ ရှိသည်။ ကျောက်ပုစွန်လုပ်ငန်းမှ ဝင်ငွေသည် တောင်သူ တစ်ဦးချင်း ပျမ်းမျှအသုံးပြုနိုင်သောဝင်ငွေ၏ ၃၂.၅ ရာခိုင်နှုန်းရှိပြီး ခရိုင်တစ်ဝန်း ကျောက်ပုစွန်လုပ်ငန်း စုစုပေါင်း ကုန်ထုတ်လုပ်ငန်းတန်ဖိုးသည် ယွမ် ၄၀.၈ ဘီလီယံရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ရွှီးရည်ခရိုင် မာပါ့မြို့နယ်ရှိ ကျန်းဆူးပြည်နယ် ခေတ်မီစိုက်ပျိုးရေး (ရွှီးရည်ကျောက်ပုစွန်) လုပ်ငန်းကွင်းဆက်တစ်ခုလုံး စံချိန်မီစံပြစခန်းအား ၂၀၂၆ ခုနှစ် မတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ရွှီးရည်ခရိုင် မာပါ့မြို့နယ်ရှိ ကျန်းဆူးပြည်နယ် ခေတ်မီစိုက်ပျိုးရေး (ရွှီးရည်ကျောက်ပုစွန်) လုပ်ငန်းကွင်းဆက်တစ်ခုလုံး စံချိန်မီစံပြစခန်းရှိ သားလောင်းပျိုးထောင်ရေး အခန်းအတွင်း၌ ဝန်ထမ်းက ကျောက်ပုစွန်သားလောင်းသေတ္တာများအား စစ်ဆေးကြည့်ရှုနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
经济大省调研行|在盱眙看小龙虾如何做成大产业
新华社照片,淮安(江苏),2026年4月21日
在江苏省盱眙县,小龙虾撑起庞大的产业集群。位于马坝镇的江苏省现代农业(盱眙龙虾)全产业链标准化示范基地,占地1200亩,总投资1800万元,将旧街稻虾共生基地打造为全国一流的种苗繁育中心、稻虾综合种养标准化示范基地、数字农业与节水灌溉基地,引领全国稻渔综合种养产业升级。
一只小小的龙虾,串联起育种、养殖、加工、餐饮、文旅的完整链条,全县近六分之一人口从事与龙虾相关的产业。2025年,盱眙县小龙虾养殖总面积达100万亩,年产量15万吨,龙虾收入占农民人均可支配收入的32.5%,全县小龙虾产业总产值达408亿元。
1、3月19日,在江苏省盱眙县,厨师展示新鲜上市的小龙虾。 新华社发(赵启瑞 摄)
2、这是位于江苏省盱眙县马坝镇的江苏省现代农业(盱眙龙虾)全产业链标准化示范基地(3月27日摄)。新华社记者 程丽 摄
3、工作人员在江苏省现代农业(盱眙龙虾)全产业链标准化示范基地的育苗车间查看集苗箱(3月27日摄)。新华社记者 程丽 摄