China
ဆင်ဟွာသတင်းဌာနနှင့် မိုဇမ်ဘစ်နိုင်ငံ အဖွဲ့အစည်းဌာနများ မီဒီယာပူးပေါင်းဆောင်ရွက်မှု စာရွက်စာတမ်း လက်မှတ်ရေးထိုး
ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာနနှင့် မိုဇမ်ဘစ်နိုင်ငံ အမျိုးသားပြန်ကြားရေးရုံး၊ မိုဇမ်ဘစ်သတင်းဌာန၊ မိုဇမ်ဘစ်ရုပ်မြင်သံကြားဌာနတို့သည် ဧပြီ ၂၁ ရက်တွင် ပူးပေါင်းဆောင်ရွက်မှု စာရွက်စာတမ်းများ သီးခြားစီ လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါစာရွက်စာတမ်းသုံးခုကို မိုဇမ်ဘစ်နိုင်ငံ သမ္မတ Daniel Francisco Chapo ၏ တရုတ်နိုင်ငံ ခရီးစဉ်ရလဒ်စာရင်းထဲတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
မိုဇမ်ဘစ်နိုင်ငံ အမျိုးသားပြန်ကြားရေးရုံး၏ အဓိကလုပ်ငန်းတာဝန်များတွင် အစိုးရ တရားဝင် သတင်းအချက်အလက်များ ထုတ်ပြန်ခြင်း၊ အစိုးရဌာနနှင့် မီဒီယာများအကြား ချိတ်ဆက်ပူးပေါင်းညှိနှိုင်းခြင်း စသည်တို့ ပါဝင်သည်။ ဆင်ဟွာသတင်းဌာနနှင့် မိုဇမ်ဘစ် အမျိုးသားပြန်ကြားရေးရုံးသည် ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာ Think Tank ပူးပေါင်းဆောင်ရွက်မှု ဖြန့်ချိရေးအား လက်တွဲဖော်ဆောင်ရေးနှင့်စပ်လျဉ်း၍ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းသည် နှစ်ဖက်က သတင်းဖြန့်ချိရေးကဏ္ဍ၌ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာ Think Tank အဆင့်မြင့်ဖိုရမ် ယန္တရား ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွတွန်းအားပေးရန်၊ ပူးပေါင်းအင်အားဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်း သတင်းအချက်အလက်ဖြန့်ချိရေးစွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။
မိုဇမ်ဘစ်သတင်းဌာနသည် မိုဇမ်ဘစ်နိုင်ငံ၏ အစိုးရသတင်းဌာနဖြစ်ပြီး မိုဇမ်ဘစ် ရုပ်မြင်သံကြားဌာနကမူ မိုဇမ်ဘစ်နိုင်ငံ၏ အစိုးရရုပ်မြင်သံကြားဌာနဖြစ်သည်။ ဆင်ဟွာသတင်းဌာနနှင့် အဆိုပါအဖွဲ့အစည်းဌာန နှစ်ခုတို့သည် သတင်းဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ရာ နှစ်ဖက်အနေဖြင့် သတင်းအချက်အလက်ထုတ်ကုန်များ ဖလှယ်ရေး၊ လူပုဂ္ဂိုလ်များ အပြန်အလှန် ခရီးစဉ်သွားရောက်ဖလှယ်ခြင်း စသည့်ကဏ္ဍများ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ရန် တွန်းအားပေးမည်ဖြစ်သည်။ (Xinhua)
——————
(Chinese Version)
新华社同莫桑比克机构签署媒体合作文件
新华社北京4月21日电 4月21日,新华社与莫桑比克国家新闻办公室、莫桑比克通讯社、莫桑比克国家电视台分别签署合作文件。三份文件被列入莫桑比克总统查波访华成果清单。
莫桑比克国家新闻办公室主要职能包括政府官方信息发布及政府部门与媒体间的沟通协作等。新华社和莫桑比克国家新闻办公室就携手推进全球南方媒体智库合作传播签署谅解备忘录,旨在加强双方在新闻传播领域的交流与合作,共同推动“全球南方”媒体智库高端论坛机制发展,合力提升全球南方信息传播效能。
莫桑比克通讯社是莫桑比克官方通讯社,莫桑比克国家电视台是莫国营电视台。新华社与两家机构分别签署新闻交换与合作协议,将推动双方在新闻信息产品交换、人员互访交流等领域开展务实合作。(完)
