Connect with us

China

ယဉ်ကျေးမှုခရီးကဏ္ဍဖြင့် နှစ်ထောင်ချီ တုန့်လူမျိုးကျေးရွာ ကြွယ်ဝရေးလမ်း ဖောက်လုပ်ပေး

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် လီဖိန်ခရိုင် ကျောက်ရှင်း တုန့်လူမျိုးရွာ၌ တုန့်လူမျိုးပြည်သူများက ဧည့်သည်တော်များအတွက် ရွာမုခ်ဦးတွင် ဧည့်ကြိုအခမ်းအနား ကျင်းပပေးနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လီဖိန် (ကွေ့ကျိုး)၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် လီဖိန်ခရိုင် ကျောက်ရှင်းတုန့်လူမျိုးရွာသည် ချန်တုန်းနန် မြောင်လူမျိုး တုန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၏ စိမ်းလန်းစိုပြည်သော တောတောင်များကြား၌ တည်ရှိသည်။ တရုတ်နိုင်ငံ၏ အကြီးဆုံး တုန့်လူမျိုးရွာများအနက်တစ်ခုအနေဖြင့် ဤနေရာတွင် ဗုံမျှော်စင်များစွာ တည်ရှိပြီး တံတားများသည်လည်း စမ်းချောင်းများထက်တွင် တည်ငြိမ်စွာ သွယ်တန်းတည်ရှိကာ တုန့်လူမျိုးသီချင်းကြီး တေးသံသာ ငြိမ့်ညောင်းသာယာလှသလို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း မျိုးဆက်မပြတ် လက်ဆင့်ကမ်းထားပေသည်။

ယခင်က ကျောက်ရှင်းတုန့်လူမျိုးရွာသည် လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်ခြင်း၊ ကုန်ထုတ်လုပ်ငန်း အမျိုးအစားနည်းခြင်းတို့ကြောင့် ရွာသူ၊ ရွာသားအများစုက နယ်ခြားသွားရောက်ကာ လုပ်ငန်းလုပ်ကိုင်ကြပြီး စီးပွားရေးနောက်ကျခဲ့ပေသည်။ လတ်တလောနှစ်ပိုင်းတွင် ကျောက်ရှင်းတုန့်လူမျိုးရွာသည် တစ်မူထူးခြားသော တိုင်းရင်းသားယဉ်ကျေးမှုနှင့် ဂေဟအရင်းအမြစ်များကို အားထား၍ ယဉ်ကျေးမှုခရီးသွားလုပ်ငန်းကို အင်တိုက်အားတိုက်ဖော်ဆောင်ခဲ့ရာ အမျိုးသား 4A အဆင့် ရှုခင်းသာကို အောင်မြင်စွာ ဖန်တီးတည်ဆောက်ခဲ့သည်။ တစ်မူထူးခြားသော တုန့်လူမျိုးသီချင်းကြီး ဖျော်ဖြေတင်ဆက်မှု၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် လက်မှုပညာ လက်တွေ့ခံစားမှု၊ ထူးခြားချက်ရှိသော တည်းခိုခန်းနှင့် စားသောက်မှု စသည်တို့ကလည်း အရပ်ရှစ်မျက်နှာမှ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ခဲ့သည်။

၂၀၂၅ ခုနှစ်တွင် ကျောက်ရှင်း တုန့်လူမျိုးရွာသည် ခရီးသွားဧည့်သည် အကြိမ်ရေ ၁.၅၁ သန်းအား လက်ခံခဲ့ပြီး ခရီးသွားလုပ်ငန်း အထွေထွေဝင်ငွေသည် ယွမ် ၁.၅ ဘီလီယံကျော်ခဲ့သလို ကျေးရွာ၏ အစုအဖွဲ့လိုက် စီးပွားရေးဝင်ငွေအနေဖြင့်မူ ယွမ် ၃ သန်းကျော်ရှိခဲ့သည်။ ယနေ့တွင် ပိုမိုများပြားသော နယ်ခြားသွားရောက် လုပ်ကိုင်သည့် ရွာသူ၊ ရွာသားများက ဇာတိရွာသို့ပြန်လာပြီး ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြပြီဖြစ်သည်။
နှစ်ထောင်ချီသက်တမ်းရှိသော တုန့်လူမျိုးရွာသည် ယဉ်ကျေးမှုခရီးသွားလုပ်ငန်းကို ပေါင်းကူးတံတားအဖြစ်ထားရှိကာ တိုင်းရင်းသားယဉ်ကျေးမှုကို ရှင်သန်လာစေပြီး ရွာသူ၊ ရွာသားများကိုလည်း ဝင်ငွေတိုးလာစေသဖြင့် ကျေးလက်ဖွံ့ဖြိုးတိုးရေးအတွက် အတူတကွကြွယ်ဝရေးလမ်းကို လျှောက်လှမ်းနိုင်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် လီဖိန်ခရိုင် ကျောက်ရှင်း တုန့်လူမျိုးရွာ စိုက်ခင်းများကြားတွင် တုန့်လူမျိုးတေးသံရှင်များက ခရီးသွားဧည့်သည်များအတွက် တုန့်လူမျိုးသီချင်းကြီး သီဆိုဖျော်ဖြေနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် လီဖိန်ခရိုင် ကျောက်ရှင်း တုန့်လူမျိုးရွာတွင် ညအချိန် ဖျော်ဖြေတင်ဆက်မှုအား ခရီးသွားဧည့်သည်များ စုဝေးရှုစားနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
文旅铺就千年侗寨致富路
新华社照片,黎平(贵州),2026年4月21日
贵州省黎平县肇兴侗寨藏于黔东南青山绿水间,作为中国最大的侗族村寨之一,这里鼓楼林立,风雨桥静卧溪上,侗族大歌婉转悠扬,非遗技艺薪火相传。
昔日,肇兴侗寨因交通闭塞、产业单一,村民多外出务工,经济落后。近年来,肇兴侗寨依托独特民族文化与生态资源,大力发展文旅产业,成功创建国家4A级景区,独特的侗族大歌表演、非遗技艺体验、特色民宿餐饮等吸引了八方游客。2025年,肇兴侗寨接待游客超151万人次,旅游综合收入破15亿元,村集体经济收入超300万元。如今,越来越多外出村民返乡吃上 “旅游饭”。千年侗寨以文旅为桥,让民族文化活起来、村民腰包鼓起来,走出一条乡村振兴的共富之路。
1、侗族群众在肇兴侗寨为来宾举办寨门迎宾仪式(3月23日摄)。 新华社记者 杨文斌 摄
2、4月20日,在肇兴侗寨的田园间,侗族歌手为游客展示侗族大歌。新华社发(吴光辉摄)
3、4月18日,游客云集夜幕下的肇兴侗寨欣赏表演(无人机照片)。新华社发(吴光辉摄)