Asia
စတုတ္ထအကြိမ်မြောက် CISCE တွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် မျှော်လင့်ကြောင်း အင်ဒိုနီးရှားစက်မှုလက်မှုအသင်းချုပ် ဆို
ဂျကာတာ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် မြှင့်တင်မှု ကုန်စည်ပြပွဲ (CISCE) အင်ဒိုနီးရှားမိတ်ဆက်ပွဲကို ဧပြီ ၂၁ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် အင်ဒိုနီးရှားစက်မှုလက်မှုအသင်းချုပ် (KADIN) ဥက္ကဋ္ဌ Anindya Novyan Bakrie က KADIN အနေဖြင့် အလွန်ကြီးမားသောကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းကာ တရုတ်နိုင်ငံ ပေကျင်းမြို့သို့သွားရောက်ပြီး စတုတ္ထအကြိမ်မြောက် ထောက်ပံ့ရေးကွင်းဆက် ကုန်စည်ပြပွဲ တက်ရောက်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ စက်မှုစီးပွားလောကသည် ယခုအကြိမ် ထောက်ပံ့ရေးကွင်းဆက် ကုန်စည်ပြပွဲ၌ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ထဲထဲဝင်ဝင် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိနိုင်ငံတကာအခြေအနေသည် တစ်နေ့တခြား ရှုပ်ထွေးလာလျက်ရှိပြီး ပထဝီနိုင်ငံရေးဖိအားများလည်း များပြားလာကြောင်း၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ဦးမော့လာခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး အနာဂတ်အလားအလာ ဆိုးရွားလာစေပြီး ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုအန္တရာယ်လည်း တစ်ဆင့်ထပ်၍ တိုးပွားလာကြောင်း၊ ထိုကဲ့သို့ နောက်ခံအခြေအနေတွင် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်သည် ကြံ့ကြံ့ခံနိုင်ရည်ရှိမှုကို မြှင့်တင်ရန် လိုအပ်လာရာ အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည်လည်း ပိုမိုအရေးပါလာကြောင်း Anindya Novyan Bakrie က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ အင်ဒိုနီးရှားနိုင်ငံရုံး ကိုယ်စားလှယ် နျိုလျန်လျန် သည် စတုတ္ထအကြိမ်မြောက် ထောက်ပံ့ရေးကွင်းဆက် ကုန်စည်ပြပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ယခင်အကြိမ် ထောက်ပံ့ရေးကွင်းဆက် ကုန်စည်ပြပွဲ၏ ပြည့်ဝသောရလဒ်နှင့် စတုတ္ထအကြိမ်မြောက် ထောက်ပံ့ရေးကွင်းဆက် ကုန်စည်ပြပွဲ ပြင်ဆင်မှုအခြေအနေများကို အသေးစိတ် မိတ်ဆက်ပြောကြားခဲ့သလို အင်ဒိုနီးရှား နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်မှ လူပုဂ္ဂိုလ်များ ပေကျင်းမြို့သို့သွားရောက်၍ ကုန်စည်ပြပွဲ ပါဝင်တက်ရောက်ရန် ဖိတ်ခေါ်ခဲ့သည်။
အင်ဒိုနီးရှား နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်၊ သက်ဆိုင်ရာကဏ္ဍ လုပ်ငန်းကုမ္ပဏီနှင့် မီဒီယာများမှ ကိုယ်စားလှယ်ပေါင်း ၁၀၀ နီးပါးသည် အွန်လိုင်းနှင့် အော့ဖ်လိုင်းနည်းဖြင့် အထက်ပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနား၌ ပါဝင်ဆွေးနွေးသည့် ဧည့်သည်တော်များက တစ်ကမ္ဘာလုံးတွင် ပထမဆုံး ထောက်ပံ့ရေးကွင်းဆက်အား အဓိကထားသည့် နိုင်ငံတော်အဆင့်ပြပွဲအနေဖြင့် ထောက်ပံ့ရေးကွင်းဆက် ကုန်စည်ပြပွဲသည် အဓိကအဆင့်၏ ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အဓိကအာရုံစိုက်၍ တစ်ကမ္ဘာလုံး ကုန်ထုတ်လုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်အဆင်ပြေမှုကို ကာကွယ်ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိသောကြောင့် နိုင်ငံတကာ ကုန်ထုတ်လုပ်ငန်းကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အရေးကြီးပလက်ဖောင်းဖြစ်လာပြီဖြစ်ရာ ကမ္ဘာနှင့် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၌ ပိုမိုအရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ဟု ယူဆကြသည်။
စတုတ္ထအကြိမ်မြောက် ထောက်ပံ့ရေးကွင်းဆက် ကုန်စည်ပြပွဲကို ယခုနှစ် ဇွန် ၂၂ ရက်မှ ဇွန် ၂၆ ရက်အထိ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည်ဖြစ်သည်။ (Xinhua)
—————–
(Chinese Version)
印尼工商会:期待在第四届链博会上深化对华合作
新华社雅加达4月21日电(记者张怡晟)第四届中国国际供应链促进博览会印度尼西亚推介会21日在雅加达举办。印尼工商会主席阿宁迪亚·诺维扬·巴克里在会上表示,印尼工商会将组织庞大代表团赴北京参加第四届链博会,期待两国工商界在本届博览会上深化交流与合作。
巴克里说,当前,国际局势日益复杂,地缘经济压力增大,保护主义抬头导致全球贸易前景恶化、供应链中断风险加剧。在此背景下,全球供应链需要增强韧性,印尼与中国的经济合作变得越来越重要。
中国贸促会驻印尼代表处代表钮良良就第四届链博会进行讲解推介,详细介绍往届链博会的丰硕成果和第四届链博会筹备情况,并邀请印尼政商界人士赴北京观展参会。
来自印尼政商界、相关领域企业及媒体的近百名代表以线上或线下方式出席活动。发言嘉宾普遍认为,作为全球首个以供应链为主题的国家级展会,链博会聚焦关键环节的创新与合作,致力于维护全球产业链供应链的稳定畅通,已成为促进国际产业链供应链合作的重要平台,在世界及区域经济发展中发挥着越来越重要的作用。
第四届链博会将于今年6月22日至26日在北京举办。(完)
图说:4月21日,在印度尼西亚首都雅加达,印尼工商会主席阿宁迪亚·诺维扬·巴克里出席第四届中国国际供应链促进博览会印度尼西亚推介会并致辞。新华社记者 张怡晟 摄
