Connect with us

International Organizations

အမေရိကန်-အီရန် အပစ်ရပ်မှု သက်တမ်းတိုးခြင်းကို ကုလသမဂ္ဂ အကြီးအကဲ ကြိုဆို

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားနေသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (ဝဲ) ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက အီရန်နှင့် အပစ်ရပ်မှု သက်တမ်းတိုးခြင်းကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကြိုဆိုကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၂၁ ရက်၌ ပြောကြားခဲ့သည်။
“ဒါဟာ အီရန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံအကြား တင်းမာမှု လျော့ကျစေဖို့နဲ့ သံတမန်ရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေးအတွက် အရေးပါတဲ့ နေရာတစ်ခု ဖန်တီးပေးဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ ဒီအရှိန်အဟုန်ကို အခြေခံပြီး အပစ်အခတ်ရပ်စဲရေးကို ထိခိုက်စေနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ရှောင်ကြဉ်ဖို့နှင့် ရေရှည်တည်တံ့၊ ကြာရှည်ခံတဲ့ ဖြေရှင်းချက်တစ်ခုရရှိရေးအတွက် စေ့စပ်ဆွေးနွေးရာမှာ အပြုသဘောအရ ပါဝင်ဆောင်ရွက်ဖို့ ဘက်အသီးသီးကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံအကြား နောက်ထပ်ဆွေးနွေးပွဲများကို လွယ်ကူချောမွေ့စေရေးအတွက် ပါကစ္စတန်နိုင်ငံ၏ ကြိုးပမ်းမှုများကို အပြည့်အဝ ထောက်ခံပြီး ထိုကြိုးပမ်းအားထုတ်မှုများမှာ ပြည့်စုံ၍ ရေရှည်တည်တံ့သည့် ပဋိပက္ခဖြေရှင်းချက်အတွက် အထောက်အကူဖြစ်စေသော အခြေအနေများ ဖန်တီးရာတွင် အကူအညီဖြစ်စေလိမ့်မည်ဟု မျှော်လင့်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အီရန်နှင့် အပစ်ရပ်မှုကို နောက်ဆုံးရက်သတ်မှတ်ခြင်းမရှိဘဲ သက်တမ်းတိုးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၂၁ ရက်၌ ကြေညာခဲ့သည်။ (Xinhua)
……………….
(English Version)
UN chief welcomes extension of U.S.-Iran ceasefire
UNITED NATIONS, April 21 (Xinhua) — UN Secretary-General Antonio Guterres welcomes Washington’s extension of the ceasefire with Iran, said his spokesman on Tuesday.
“This is an important step toward de-escalation and creating critical space for diplomacy and confidence-building between Iran and the United States. We encourage all parties to build on this momentum, refrain from actions that could undermine the ceasefire, and engage constructively in negotiations to reach a sustainable and lasting resolution,” said Stephane Dujarric, the spokesman, in a statement.
The secretary-general fully supports Pakistan’s efforts to facilitate further talks between the United States and Iran and hopes these efforts will contribute to creating conditions conducive to a comprehensive and durable resolution of the conflict, said the statement.
U.S. President Donald Trump on Tuesday announced that he is extending the ceasefire with Iran — with no set deadline. ■
English Caption
UN Secretary-General Antonio Guterres (L) speaks to the press at the UN headquarters in New York, April 14, 2026. (Xinhua/Xie E)