Connect with us

China

ဂျာမနီနိုင်ငံ၌ ကျင်းပသည့် Hannover Messe 2026 တွင် တရုတ်ကုမ္ပဏီများ ခိုင်မာစွာ ပါဝင်ပြသလျက်ရှိ

ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့၌ ကျင်းပသည့် Hannover Messe 2026 စက်မှုကုန်စည်ပြပွဲတွင် PL-Universe Robotics ကုမ္ပဏီ၏ ပြခန်းနေရာကို ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်နိုဗာ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ၏ အဓိကစက်မှုကုန်စည်ပြပွဲဖြစ်သော Hannover Messe 2026 ကို ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့တွင် ဧပြီ ၂၁ ရက်၌ ဖွင့်လှစ်ခဲ့ရာ စက်မှုလုပ်ငန်းသုံး ဉာဏ်ရည်တု (AI) နှင့် လူပုံစံတူစက်ရုပ်များက ပထမဆုံးအကြိမ်အဖြစ် အဓိကဇာတ်ခုံတွင် ပါဝင်လာခဲ့သည်။
အဆိုပါပြပွဲတွင် တရုတ်ကုမ္ပဏီများက ပြပွဲပါဝင်ပြသသူအရေအတွက် ၇၀၀ ခန့်ဖြင့် ခိုင်မာစွာပါဝင်လျက်ရှိရာ ယင်းမှာ အိမ်ရှင်နိုင်ငံ ဂျာမနီပြီးလျှင် တရုတ်နိုင်ငံက ဒုတိယအကြီးဆုံး ပြပွဲပြသသူအုပ်စုဖြစ်ကြောင်း ပြပွဲစီစဉ်သူ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့၌ ကျင်းပသည့် Hannover Messe 2026 စက်မှုကုန်စည်ပြပွဲတွင် Xpeng ကုမ္ပဏီ၏ ပြခန်းနေရာသို့ လာရောက်ကြည့်ရှုကြသူများကို ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့၌ ကျင်းပသည့် Hannover Messe 2026 စက်မှုကုန်စည်ပြပွဲတွင် SUPCON ကုမ္ပဏီ၏ ပြခန်းနေရာ၌ ဆက်သွယ်ပြောဆိုနေကြသူများကို ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့၌ ကျင်းပသည့် Hannover Messe ပြပွဲ၏ သင်္ကေတအမှတ်အသားကို ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့၌ ကျင်းပသည့် Hannover Messe 2026 စက်မှုကုန်စည်ပြပွဲတွင် Unitree Robotics ကုမ္ပဏီ၏ ပြခန်းနေရာသို့ လာရောက်ကြည့်ရှုကြသူများကို ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့၌ ကျင်းပသည့် Hannover Messe 2026 စက်မှုကုန်စည်ပြပွဲတွင် MAIHE ကုမ္ပဏီ၏ ပြခန်းနေရာကို ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………
(English Version)
Chinese companies maintain strong presence at Hannover Messe 2026 in Germany
HANNOVER, April 22 (Xinhua) — Hannover Messe 2026, Germany’s flagship industrial trade fair, opened on Monday with industrial artificial intelligence (AI) and humanoid robots taking center stage for the first time.
Chinese companies maintain a strong presence at the fair, with approximately 700 exhibitors, making China the second-largest exhibitor group after host country Germany, according to the organizer. ■
English Caption 1
The exhibition area of PL-Universe Robotics is pictured at the Hannover Messe 2026 in Hannover, Germany, April 21, 2026. (Xinhua/Zhang Haofu)
English Caption 2
People visit the exhibition area of Xpeng at the Hannover Messe 2026 in Hannover, Germany, April 21, 2026. (Xinhua/Zhang Haofu)
English Caption 3
People communicate at the exhibition area of SUPCON at the Hannover Messe 2026 in Hannover, Germany, April 21, 2026. (Xinhua/Zhang Haofu)
English Caption 4
A sign of the Hannover Messe is pictured in Hannover, Germany, April 21, 2026. (Xinhua/Zhang Haofu)
English Caption 5
People visit the exhibition area of Unitree Robotics at the Hannover Messe 2026 in Hannover, Germany, April 20, 2026. (Xinhua/Zhang Haofu)
English Caption 6
The exhibition area of MAIHE is pictured at the Hannover Messe 2026 in Hannover, Germany, April 20, 2026. (Xinhua/Zhang Haofu)