Connect with us

China

အရှေ့အလယ်ပိုင်းနှင့် ပင်လယ်ကွေ့ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေး ပြန်လည်ရရှိရန် တရုတ်နိုင်ငံက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းအား ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်းနှင့် ပင်လယ်ကွေ့ဒေသ အခြေအနေနှင့်ပတ်သက်သည့် မေးခွန်းများကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဧပြီ ၂၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ဖြေကြားခဲ့ရာ အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းမြှင့်တင်ရန်နှင့်စပ်လျဉ်း၍ သမ္မတရှီကျင့်ဖိန်က အချက်လေးချက်ပါ အဆိုပြုချက်ကို အဆိုပြုခဲ့ပြီး ပဋိပက္ခများကို ကျော်လွှား၍ ငြိမ်းချမ်းရေးရရှိရန်အတွက် တရုတ်နိုင်ငံ၏ နည်းလမ်းကို ပံ့ပိုးပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် သမ္မတရှီကျင့်ဖိန်၏ အချက်လေးချက်ပါ အဆိုပြုချက် စိတ်ဓာတ်နှင့်အညီ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အီရန်စစ်ရေးသည် နိုင်ငံတကာအသိုင်းအဝိုင်း ရင်ဆိုင်နေရသော အရေးတကြီး စိန်ခေါ်မှုများအနက် တစ်ခုဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ မကြာသေးမီရက်တွင် သမ္မတ ရှီကျင့်ဖိန်က အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းမြှင့်တင်ရန်နှင့်စပ်လျဉ်း၍ အချက်လေးချက်ပါ အဆိုပြုချက်ကို အဆိုပြုခဲ့ကြောင်း၊ ယင်းတို့မှာ (၁) ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း အခြေခံမူကို ခိုင်မာစွာ လက်ကိုင်ထားရန်၊ (၂) နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုဆိုင်ရာ အခြေခံမူကို ခိုင်မာစွာ လက်ကိုင်ထားရန်၊ (၃) နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး အခြေခံမူကို ခိုင်မာစွာ လက်ကိုင်ထားရန်၊ (၄) ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးအား ဟန်ချက်ညီ ဖော်ဆောင်ရေးကို ခိုင်မာစွာ လက်ကိုင်ထားရန်တို့ဖြစ်ကြောင်း၊ ဤအဆိုပြုချက် ၄ ချက်သည် စစ်ပွဲ ရပ်တန့်ရန် ငြိမ်းချမ်းရေးဆွေးနွေးမှုကို မြှင့်တင်သည့်၊ ကွဲလွဲမှုများကို ဖြေရှင်းရန် အပြန်အလှန်ဆွေးနွေးမှုကို ထောက်ခံအားပေးသည့် တရုတ်နိုင်ငံ၏ တစ်သမတ်တည်း ရပ်တည်ချက်နှင့် အပြုသဘောဆောင်သော ကြိုးပမ်းအားထုတ်မှုများ အပြည့်အဝ ဖော်ပြခဲ့ကြောင်း၊ ပဋိပက္ခများကို ကျော်လွှား၍ ငြိမ်းချမ်းရေးရရှိရန်အတွက် တရုတ်နိုင်ငံ နည်းလမ်းကို ပံ့ပိုးပေးခဲ့ကြောင်း၊ ထို့ကြောင့် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အသိအမှတ်ပြုမှုနှင့် ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိအခြေအနေသည် စစ်ပွဲနှင့် ငြိမ်းချမ်းရေး အပြောင်းအလဲဖြစ်သည့် အရေးကြီးအခိုက်အတန့်တွင် ရှိနေကြောင်း၊ ဤကဲ့သို့သောအချိန်တွင် ဘက်အသီးသီးအနေဖြင့် အကြီးမားဆုံးသော စိတ်ရင်းမှန်ကို ပြသရန် ပို၍ လိုအပ်ကြောင်း၊ နိုင်ငံရေးအရ ဖြေရှင်းသည့် ဦးတည်ချက်ကို ယိမ်းယိုင်မှု မရှိစေရန် ထိန်းသိမ်းထားပြီး အပစ်အခတ်ရပ်စဲရေးနှင့် စေ့စပ်ညှိနှိုင်းမှုများ အရှိန်အဟုန်ကို နောက်မဆုတ်အောင် ထိန်းသိမ်းရန်၊ ဟော်မုဇ်ရေလက်ကြားတွင် ပုံမှန်ရေကြောင်းသွားလာမှုကို ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ရန်၊ အရှေ့အလယ်ပိုင်းနှင့် ပင်လယ်ကွေ့ဒေသများ ငြိမ်းချမ်းတည်ငြိမ်မှုကို ပြန်လည်ရရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံအနေနဲ့ သမ္မတ ရှီကျင့်ဖိန်၏ အချက်လေးချက်ပါ အဆိုပြုချက် စိတ်ဓာတ်နဲ့အညီ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ ယင်းအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
外交部:中方将为恢复中东和海湾地区和平稳定发挥积极建设性作用
新华社北京4月21日电(记者曹嘉玥、万倩仪)外交部发言人郭嘉昆21日在例行记者会上回答有关中东海湾地区局势的提问时表示,习近平主席就维护和促进中东和平稳定提出的4点主张,为走出冲突、实现和平提供了中国方案。中方将根据习近平主席4点主张精神,同国际社会一道发挥积极建设性作用。
郭嘉昆说,伊朗战事是国际社会面临的最紧迫挑战之一。日前,习近平主席就维护和促进中东和平稳定提出4点主张:一是坚持和平共处原则;二是坚持国家主权原则;三是坚持国际法治原则;四是坚持统筹发展和安全。4点主张充分体现了中方促和止战、倡导对话化解分歧的一贯立场和积极努力,为走出冲突、实现和平提供了中国方案,赢得地区国家和国际社会越来越多的认同和支持。
郭嘉昆表示,当前局势处于战和转换的关键阶段。越是这样的时刻,越需要各方拿出最大诚意,坚持政治解决方向不动摇,保持停火和谈判势头不倒退,争取早日恢复霍尔木兹海峡正常通行,恢复中东和海湾地区和平稳定。“中方将根据习近平主席4点主张精神,同国际社会一道为此发挥积极建设性作用。”(完)