Connect with us

North America

ထရမ့်အား ထောက်ခံမှုနှုန်း ကျဆင်း၊ အမေရိကန်နိုင်ငံက မှားယွင်းသောလမ်းကြောင်းသို့ ဦးတည်နေသည်ဟု စစ်တမ်း ဖော်ပြ

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော် မြက်ခင်းပြင်တွင် မီဒီယာများ၏ မေးမြန်းမှုကို လက်ခံဖြေကြားနေသော အမေရိကန် သမ္မတ ထရမ့်အား ၂၀၂၆ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

အီရန်အပေါ် လုပ်ဆောင်သော စစ်ရေးလှုပ်ရှားမှုနှင့် စီးပွားရေးတွင် အခွင့်မသာသော တုံ့ပြန်မှုများ စသည့်အကြောင်းရင်းများကြောင့် အမေရိကန်သမ္မတ ထရမ့်အား ထောက်ခံမှုနှုန်းသည် ၃၃ ရာခိုင်နှုန်း အထိ ကျဆင်းသွားပြီး မတ်လကထက် ရာခိုင်နှုန်းပွိုင့် ၅ ခုကျဆင်းကြောင်း၊ စစ်တမ်းဖြေဆိုသူအများစုက အမေရိကန်သည် မှားယွင်းသောလမ်းကြောင်းသို့ ဦးတည်နေသည်ဟု ယူဆကြောင်း Associated Press-NORC က ဧပြီ ၂၁ ရက်က ထုတ်ပြန်သော စစ်တမ်းအသစ်တစ်ခုတွင် ဖော်ပြထားသည်။

အဆိုပါ စစ်တမ်းကို ဧပြီ ၁၆ ရက်မှ ဧပြီ ၂၀ ရက်အတွင်း ပြုလုပ်ခဲ့ပြီး အရွယ်ရောက်သူ အမေရိကန်နိုင်ငံသား ၂,၅၉၆ ဦးက ဖြေဆိုခဲ့သည်။ စစ်တမ်းရလဒ်အရ ထရမ့်အား ထောက်ခံမှုနှုန်းကျဆင်းရခြင်းသည် အဓိကအားဖြင့် စီးပွားရေးကဏ္ဍများတွင် ထင်ဟပ်နေသည်။ အီရပ်အပေါ် စစ်ရေးလှုပ်ရှားမှုများက လူနေမှုစရိတ်၊ အထူးသဖြင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်စေခဲ့ပြီး ယင်းမှာ ထရမ့်၏ စီးပွားရေးမူဝါဒများအပေါ် ထောက်ခံမှုနှုန်းသိသိသာသာ ကျဆင်းစေခဲ့ရာ မတ်လတွင် ၃၈ ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ စစ်တမ်းဖြေဆိုသူ ၇၃ ရာခိုင်နှုန်းခန့်က အမေရိကန်စီးပွားရေးသည် “အလွန်” သို့မဟုတ် “အထိုက်အလျောက်” ဆိုးရွားနေသည်ဟု ယူဆကြပြီး ဖြေဆိုသူ ၇၂ ရာခိုင်နှုန်းက အမေရိကန်သည် မှားယွင်းသောလမ်းကြောင်းသို့ ဦးတည်နေသည်ဟု ယူဆကြသည်။

စီးပွားရေးကဏ္ဍတွင် ထရမ့်၏ လှုပ်ဆောင်ချက်များအပေါ် ရီပက်ဘလစ်ကန်ပါတီဝင်များ၏ ထောက်ခံမှုနှုန်းမှာလည်း ကျဆင်းမှုများရှိခဲ့ပြီး ၎င်း၏ စီးပွားရေးမူဝါဒများအပေါ် အပြုသဘောဆောင်သော သဘောထားရှိသည့် ရီပက်ဘလစ်ကန်ပါတီဝင်များ အချိုးအစားမှာ မတ်လထက် ရာခိုင်နှုန်းပွိုင့် ၁၂ ခု ကျဆင်းသွားကြောင်းလည်း စစ်တမ်းတွင် ဖော်ပြထားသည်။

ထရမ့်အား ထောက်ခံမှုနှုန်းသည် ၃၆ ရာခိုင်နှုန်းတွင် ဆက်လက်ရှိနေပြီး အိမ်ဖြူတော်သို့ ၎င်းပြန်လည်ရောက်ရှိချိန်မှစ၍ အနိမ့်ဆုံးအဆင့်တွင် ရှိနေဆဲဖြစ်ကြောင်း ရိုက်တာသတင်းဌာနနှင့် Ipsos အုပ်စု၏ ဧပြီ ၂၁ ရက်က ထုတ်ပြန်သော အခြား စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ (Xinhua)

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်အား ၂၀၂၆ ခုနှစ် ဧပြီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………….
(Chinese Version)
民调:特朗普支持率下降 美国朝错误方向发展
新华社华盛顿4月21日电(记者杨伶 熊茂伶)美联社-NORC公共事务研究中心21日公布的最新民调显示,受对伊朗发动军事行动及在经济方面应对不利等因素影响,美国总统特朗普的支持率降至33%,较3月降低5个百分点。大多数受访者认为,美国正朝着错误的方向发展。
这项民调于4月16日至20日进行,2596名美国成年人受访。根据民调结果,特朗普支持率降低主要体现在经济方面。由于对伊军事行动推高生活成本,特别是燃油价格飙升,使特朗普经济政策的支持率大幅下滑,从3月的38%降至30%;约73%的受访者认为,美国经济“非常”或“有些”糟糕;72%的受访者认为,美国正朝着错误的方向发展。
民调还显示,共和党人对特朗普在经济方面表现的支持率也有所下降,对其经济政策持积极态度的共和党人比例较3月降低12个百分点。
路透社和益普索集团21日公布的另一项民调显示,特朗普的支持率保持在36%,仍为其重返白宫以来的最低水平。(完)
图说1:4月16日,美国总统特朗普在华盛顿白宫南草坪接受媒体采访。新华社发(李源清摄)
图说2:这是4月18日在美国首都华盛顿拍摄的白宫。 新华社记者 李睿 摄