Europe
အစ္စရေးအနေဖြင့် လက်ဘနွန်အပေါ် နယ်မြေပိုင်နက်ချဲ့ထွင်လိုသည့်ရည်မှန်းချက်ကို မဖြစ်မနေ စွန့်လွှတ်ရမည်ဟု မက်ခရွန် ဆို
ပဲရစ်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
ပြင်သစ်သမ္မတ မက်ခရွန်က အစ္စရေးအနေဖြင့် လက်ဘနွန်အပေါ် နယ်မြေပိုင်နက် ချဲ့ထွင်လိုသည့်ရည်မှန်းချက်ကို မဖြစ်မနေ စွန့်လွှတ်ရမည်ဖြစ်ကြောင်း၊ အစ္စရေးဘက်က ၎င်း၏ အရှေ့အလယ်ပိုင်းမူဝါဒကို ဆက်လက်ဖော်ဆောင်နေမည်ဆိုပါက ဥရောပသမဂ္ဂနှင့် အစ္စရေး ၏ အဖွဲ့အစည်းသဘောတူညီချက်အား ယာယီရပ်ဆိုင်းရန် ဆွေးနွေးခြင်းသည် “ကျိုးကြောင်းဆီလျော်” ကြောင်း ဧပြီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
မက်ခရွန်သည် ထိုနေ့တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ခရီးစဉ်လာရောက်လျက်ရှိသည့် လက်ဘနွန်နိုင်ငံ ဝန်ကြီးချုပ် Nawaf Salam နှင့်အတူ သတင်းထောက်များအား တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ မက်ခရွန်က ပြင်သစ်နိုင်ငံအနေဖြင့် အစ္စရေး၏ လာမည့်သီတင်းပတ် အနည်းငယ်အတွင်း ပြုလုပ်မည့်ရွေးချယ်ချက်အရ ဥရောပမိတ်ဖက်များနှင့် ထပ်မံညှိနှိုင်းမှု လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အနေဖြင့် နိုင်ငံရေးသဘောတူညီချက် ဆောလျင်စွာရရှိပြီး နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်အသွင်ဖော်ဆောင်ရေးအတွက် အခြေခံအုတ်မြစ် ချမှတ်ပေးရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
Nawaf Salam က လက်ဘနွန်အနေဖြင့် အစ္စရေးစစ်တပ်ကို လက်ဘနွန်နိုင်ငံ ပိုင်နက်မြေမှ “လုံးဝဆုတ်ခွာ” ရန် တောင်းဆိုထားပြီး လက်ဘနွန်အစိုးရအနေဖြင့် ပဋိပက္ခအဆုံးသတ်ရန်အတွက် အစ္စရေးဘက်နှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုနေ့အစောပိုင်းတွင် စပိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jose Manuel Albares က အစ္စရေး၏ လူ့အခွင့်အရေးချိုးဖောက်သောလုပ်ရပ်နှင့်စပ်လျဉ်း၍ စပိန်၊ အိုင်ယာလန်နှင့် ဆလိုဗေးနီးယားတို့က ဥရောပသမဂ္ဂအား စာလွှာပေးပို့ပြီး ဥရောပသမဂ္ဂနှင့် အစ္စရေး၏အဖွဲ့အစည်းသဘောတူညီချက်အား ဘက်စုံရပ်ဆိုင်းခြင်းကို ဆွေးနွေးရန် တောင်းဆိုထားကြောင်း ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ စည်းမျဉ်းစည်းကမ်းအရ သဘောတူညီချက်အား ဘက်စုံရပ်ဆိုင်းခြင်းသည် အဖွဲ့ဝင်နိုင်ငံများ၏ တစ်ပြေးညီသဘောတူညီမှု လိုအပ်ပေသည်။
ဥရောပသမဂ္ဂနှင့် အစ္စရေးတို့သည် ၂၀၀၀ ပြည့်နှစ်တွင် ဥရောပသမဂ္ဂ-အစ္စရေး အဖွဲ့အစည်းသဘောတူညီချက် (EU-Israel Association Agreement) အား လက်မှတ်ရေးထိုးခဲ့ပြီး နှစ်ဖက်နိုင်ငံရေးဆွေးနွေးမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ဥပဒေနှင့် စနစ်မူဘောင် ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
马克龙说以色列必须放弃对黎巴嫩领土的野心
新华社巴黎4月21日电(记者孙毅 乔本孝)法国总统马克龙21日说,以色列必须放弃对黎巴嫩领土的野心,如果以色列继续推行其中东政策,那么讨论暂停欧盟与以色列的联系国协议是“合理的”。
马克龙当天在巴黎与到访的黎巴嫩总理萨拉姆共同会见记者,并作出上述表态。马克龙说,法国将根据以色列未来几周所做选择,再与欧洲伙伴进行协调。他呼吁以色列和黎巴嫩达成政治协议,为两国关系正常化奠定基础。
萨拉姆表示,黎巴嫩要求以色列军队“完全撤出”黎领土,黎政府将继续与以方进行对话,以结束冲突。
当天早些时候,西班牙外交大臣阿尔瓦雷斯表示,针对以色列的侵犯人权行为,西班牙、爱尔兰和斯洛文尼亚已致函欧盟,要求讨论全面暂停欧盟与以色列的联系国协议。根据欧盟规则,全面暂停协议需成员国一致同意。
欧盟与以色列2000年签署《欧盟-以色列联系国协议》,为双方政治对话和经济合作提供法律和体制框架。(完)
图说:1月20日,法国总统马克龙在瑞士达沃斯举办的世界经济论坛2026年年会上讲话。新华社记者 连漪 摄
