China
ရှီနှင့် ချာပို တွေ့ဆုံဆွေးနွေးပွဲ၌ တရုတ်နိုင်ငံနှင့် မိုဇမ်ဘစ်နိုင်ငံ ဆက်ဆံရေးအဆင့်မြှင့်တင်
ပေကျင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မိုဇမ်ဘစ်နိုင်ငံ သမ္မတ ဒန်နီရယ် ဆန်ဖရန်စစ္စကို ချာပိုတို့သည် ဧပြီ ၂၁ ရက်၌ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ခေတ်သစ် တရုတ်-မိုဇမ်ဘစ် အေးအတူပူအမျှ အသိုက်အဝန်းအဖြစ် အဆင့်မြှင့်တင်ရန် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးက သဘောတူခဲ့ကြကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် မိုဇမ်ဘစ်နိုင်ငံအကြား ကာလရှည် ချစ်ကြည်ရင်းနှီးမှုသည် တရုတ်-အာဖရိက ဆက်ဆံရေးနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း ပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာဖြစ်ကြောင်း၊ အခြေအနေသစ်များအောက်တွင် တရုတ်-မိုဇမ်ဘစ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုက နှစ်နိုင်ငံပြည်သူများ၏ ဘုံမျှော်လင့်ချက်များနှင့် ကိုက်ညီမှုရှိသလို ကမ္ဘာ့တောင်ဘက်ခြမ်းအနေဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုဖြင့် စိန်ခေါ်မှုများကို အတူတကွ ကိုင်တွယ်စီမံသည့် အရှိန်အဟုန်ကို ထင်ဟပ်ခြင်းလည်း ဖြစ်ကြောင်း ရှီက ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် မိုဇမ်ဘစ်နိုင်ငံနှင့်အတူ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ပေကျင်း ထိပ်သီးအစည်းအဝေးဖိုရမ်၏ ရလဒ်များ အကောင်အထည်ဖော်ရေးနှင့် ၂၀၂၆ ခုနှစ်တွင် တရုတ်-အာဖရိက ပြည်သူအချင်းချင်း ကူးလူးဆက်ဆံရေးနှစ် စသည်တို့အား အခွင့်အလမ်းအဖြစ် မှတ်ယူလျက် ခေတ်မီအသွင်ပြောင်းမှုကို ပူးတွဲဖော်ဆောင်ရန် အသင့်ရှိကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။
ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုသည် တရုတ်-မိုဇမ်ဘစ် ဆက်ဆံရေး၏ သွင်ပြင်လက္ခဏာများနှင့် နိုင်ငံရေးအင်အားများဖြစ်ကြောင်း ရှီက ဆိုကာ နှစ်နိုင်ငံအနေဖြင့် ကိုယ်စီဘုံအကျိုးစီးပွားနှင့် အဓိကစိုးရိမ်ပူပန်မှုများနှင့် ဆက်စပ်သော ကိစ္စရပ်များ၌ အချင်းချင်း အခိုင်အမာ ဆက်လက်အားပေးထောက်ခံကာ အစိုးရများ၊ နိုင်ငံရေးပါတီများ၊ ဥပဒေပြုအဖွဲ့များနှင့် ဒေသန္တရကူးလူးဆက်ဆံမှုများ အပါအဝင် အလွှာစုံ နယ်ပယ်စုံ၌ ဖလှယ်မှု ဆက်လက်တိုးမြှင့်ပြီး ပါတီနှင့် နိုင်ငံ စီမံခန့်ခွဲမှု၌ အတွေ့အကြုံမျှဝေမှုကို နက်နက်ရှိုင်းရှိုင်း ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260422/c474a3e6ea7a4aedabf551a42134b69c/c.html

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေသော မိုဇမ်ဘစ်နိုင်ငံ သမ္မတ ဒန်နီရယ် ဖရန်စစ္စကို ချာပိုတို့ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)

………………………..
(English Version)
China, Mozambique upgrade ties as Xi, Chapo hold talks
BEIJING, April 21 (Xinhua) — Chinese President Xi Jinping and Mozambican President Daniel Francisco Chapo held talks in Beijing on Tuesday, and the two heads of state agreed to upgrade bilateral ties to a China-Mozambique community with a shared future in the new era.
Noting that the time-honored friendship between China and Mozambique has set an example for China-Africa relations and South-South cooperation, Xi said that under the new circumstances, deepening China-Mozambique friendly cooperation meets the shared expectations of the two peoples and reflects the prevailing trend in the Global South to strengthen solidarity and collaboration in jointly tackling challenges.
China is ready to work with Mozambique to take the implementation of the outcomes of the Beijing Summit of the Forum on China-Africa Cooperation (FOCAC) and the China-Africa Year of People-to-People Exchanges in 2026 as an opportunity to jointly pursue modernization, Xi noted.
Friendship and mutual trust are the defining features and political strengths of China-Mozambique relations, Xi said, adding that the two sides should continue to firmly support each other on issues concerning each other’s core interests and major concerns, promote exchanges at various levels and in various fields including governments, political parties, legislative bodies and local exchanges, and deepen experience sharing in party and state governance.
https://english.news.cn/20260422/c474a3e6ea7a4aedabf551a42134b69c/c.html
Photo 1: Chinese President Xi Jinping and his wife Peng Liyuan pose for a group photo with President of the Republic of Mozambique Daniel Francisco Chapo and his wife Gueta Chapo ahead of the talks between Xi and Chapo at the Great Hall of the People in Beijing, capital of China, April 21, 2026. (Xinhua/Huang Jingwen)
Photo 2: Chinese President Xi Jinping holds talks with President of the Republic of Mozambique Daniel Francisco Chapo, who is on a state visit to China, at the Great Hall of the People in Beijing, capital of China, April 21, 2026. (Xinhua/Zhai Jianlan)
